ခြေစွမ်းပိုမိုကောင်းမွန်လာဖို့အတွက် မန်ယူအသင်းကနေ ထွက်ခွါခဲ့တာဖြစ်ကြောင်း အင်္ဂလန်ကွင်း လယ်လူ အိုင်ဂျယ်ဂိုမက်စ်က ပြောပါတယ်။
အသက် ၂၄ နှစ်ရှိ လိုင်လီကွင်းလယ်ကစားသမားဟာ ယာယီနည်းပြလီကာစ်လေ လက်ထက် လက်ရွေးစင်အသင်းကြီးလူစာရင်းမှာ ပထမဆုံးအကြိမ် ပါဝင်လာခဲ့သူပါ။
အသက် ၆ နှစ်ကတည်းက မန်ယူအသင်းဆီရောက်ရှိခဲ့တဲ့ အိန်ဂျယ်ဂိုမက်စ်ဟာ ပရီးမီးယားလိဂ်မှာ ၄၆ မိနစ်သာ ကစားခဲ့ရပြီးနောက် ၂၀၂၀ ပြည့်နှစ်က ပြင်သစ်ကလပ် လိုင်လီအသင်းဆီ ပြောင်းရွှေ့ သွားခဲ့တာပါ။
မန်ယူအသင်းကနေ ထွက်ခွါဖို့က ခက်ခဲခဲ့ပေမဲ့ ကစားသမား တယောက်အနေနဲ့ရော လူပုဂ္ဂိုလ် တယောက်အနေနဲ့ပါ ပိုမိုကောင်းမွန်လာဖို့အတွက် ထွက်ခွါဖို့ဆုံး ဖြတ်ခဲ့တာဖြစ်တယ်လို့ ဂိုမက်စ် က ပြောပါတယ်။
ယာယီနည်းပြလီကာစ်လေဟာ ဂိုမက်ဇ်အပါအဝင် နောက်ခံလူ လစ်ဗရာမန်တို၊ ကွင်းလယ်လူ မော်ဂန်ဂစ်ဘ်ဝိူက်နဲ့ တောင်ပံကစားသမား မာဒူကီတို့ကို အင်္ဂလန်အသင်းကြီးမှာ ပထမဆုံးအကြိမ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
Photo-Reuters