၈၁ ကြိမ်မြောက် ဗင်းနစ်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဩဂုတ် ၂၈ ရက်ကနေ စက်တင်ဘာ ၇ ရက် အထိ အီတလီနိုင်ငံ ဗင်းနစ်လီဒိုမှာ ကျင်းပနေပါတယ်။
၁၉၃၂ ခုနှစ်က စတင်ကျင်းပတဲ့ ဗင်းနစ်ရုပ်ရှင်ပွဲတော်ဟာ ရှေးအကျဆုံးနဲ့ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ရုပ်ရှင်ပွဲတော် ၅ ခုအနက် ၁ ခုအပါအဝင် ဖြစ်ပါတယ်။
ဒီနှစ်ဖလင်ပွဲတော်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Golden Lion ဆုအတွက် ဇာတ်ကား ၂၁ ကား ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ဗင်းနစ်ရုပ်ရှင်ပွဲတော် အဖွင့်ပွဲမှာ အမေရိကန် ရုပ်ရှင်မင်းသမီး ဆီဂါနေးနဲ့ ဩစတြေးလျဒါရိုက်တာ ပီတာဝီယာတို့ ၂ ဦးကို တသက်တာ Golden Lion ဆု ချီးမြှင့်ခဲ့တာတွေ့ရပါတယ်။
၂၀၀၆ ခုနှစ်က စတင်ပြီးချီးမြှင့်ခဲ့တဲ့ ဂုဏ်ထူးဆောင်ဆုအတွက် ပြင်သစ်ဒါရိုက်တာ ကလိုဒီကို ပေးခဲ့ပါတယ်။
ဒီပွဲကို Maria ဇာတ်ကားအဓိက သရုပ်ဆောင် အန်ဂျလီနာဂျိုလီ တက်ရောက်ခဲ့ပါတယ်။ Maria ဇာတ်ကားဟာ ၂၀ ရာစုက ကမ္ဘာကျော် အော်ပရာအဆိုတော် မာရီယာကယ်လတ်စ်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။
ရုပ်ရှင်ပွဲတော်မှာ ပရိသတ်တွေရဲ့ သောင်းသောင်းဖြဖြ အော်ဟစ်အားပေးမှုကြောင့် ဂျိုလီက မျက်ရည်ဝဲခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို ဟောလိဒ်ဝုဒ်က နာမည်ကြီး သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေ တက်ရောက်မှာ ဖြစ်ပါတယ်။
Source-Reuters