ထိုင်ဝမ်စစ်တပ်ဟာ နှစ်စဉ် ကျင်းပနေကျ စစ်ရေးလေ့ကျင့်မှုကို ပင်တုံးမြို့နယ်မှာ သြဂုတ် ၂၆ ရက်က လေ့ကျင့်ပြီး မျိုးဆက်သစ် အလင်းခြေရာခံ၊ ကြိုးမဲ့ပဲ့ထိန်းဒုံးကျည် (TOW) ကို ပစ်လွှတ် စမ်းသပ်ခဲ့ပါတယ်။
TOW 2B လောင်ချာအသစ်တွေမှာ အပူပုံရိပ်ဖော်ခြင်းနဲ့ ခြေရာခံခြင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ ပါရှိပြီး ညအချိန် တိုက်ခိုက်ရေးစွမ်းရည်တွေကို ပံ့ပိုးပေးပါတယ်။
မြင်နိုင်စွမ်းကောင်းတဲ့ အခြေအနေမှာ ၆ ဒသမ ၂ မိုင် အဝေးထိ စူးစမ်းလေ့လာနိုင်ပြီး သေနတ်သမားဟာ ခြေရာခံလုပ်ဆောင်ချက် အကူအညီနဲ့ ပစ်မှတ်တွေကို အတိအကျ ချိန်ရွယ်နိုင်တယ်၊ သေနတ်သမားရဲ့ တည်ငြိမ်မှုနဲ့ ဒုံးပျံရဲ့ ထိမှန်နှုန်းကို မြှင့်တင်ပေးနိုင်တယ်လို့ လေ့ကျင့်ရေးအရာရှိတယောက်က သတင်းထောက်တွေကို လေ့ကျင့်ပွဲအတွင်း ပြောပါတယ်။
တရုတ်က သူ့ပိုင်နက်အဖြစ် ယူဆထားပေမဲ့ ထိုင်ဝမ်က သူ့ကိုယ်သူ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတာပါ။
တရုတ်အစိုးရက ထိုင်ဝမ်ကို သူအပိုင်အဖြစ် အခိုင်အမာ ရဲရဲတင်းတင်း ပြောနေချိန်မှာ ထိုင်ဝမ်အစိုးရက ကာကွယ်ရေးစွမ်းရည်ကို အားဖြည့်နေပြီး တရုတ်စစ်တပ် လှုပ်ရှားမှုတွေ တိုးလာတာကို မကျေမနပ် ပြောဆိုခဲ့ပါတယ်။
Source-Reuters