ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဟာ အာဖဂန်မိသားစု ၃၇၁ ဦးကို ကဘူးလ်မြို့က ငွေသား အကူအညီပေးရေးဌာနတခုမှာ သြဂုတ် ၂၁ ရက်က ငွေကြေးတွေ ဖြန့်ဝေပေးခဲ့တယ်လို့ WFP က ပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။
အာဖဂန်နိုင်ငံတွင်း စီးပွားရေးအကျပ်အတည်းကိုခံစားနေရတဲ့ မိသားစုတွေဟာ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၅၀ နဲ့ ညီမျှတဲ့ အာဖဂန်နစ်ငွေ ၃၂၀၀ ကိုလက်ခံရရှိခဲ့ ပါတယ်။
WFP ဟာ နိုင်ငံတွင်း ဆင်းရဲမွဲတေမှုကို လျှော့ချဖို့ ငွေသားဖြန့်ဖြူးရေး အစီအစဉ်ကို စတင်ခဲ့ တာပါ။
နိုင်ငံခြားတပ်တွေ ဆုတ်ခွာသွားပြီးတဲ့နောက် အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တွေက လွန်ခဲ့တဲ့ သုံးနှစ် အတွင်း အုပ်ချုပ်ခဲ့ပါတယ်။
တာလီဘန် အုပ်ချုပ်ရေးကို ဘယ်နိုင်ငံခြားအစိုးရကမှ တရားဝင် အသိအမှတ် မပြုသေးဘဲ အာဖဂန်နစ္စတန်ရဲ့ ဗဟိုဘဏ်ပိုင်ဆိုင်မှုတွေကိုလည်း ပိတ်ပင်ထားပါတယ်။
Source-Reuters
Photo-Reuters