Home
မြန်မာသတင်း
လားရှိုးတိုက်ပွဲတွင်ကျဆုံးသည့် MNDAA စစ်သည် ၁ ဦးစီအတွက် တရုတ်ယွမ် ၃ သောင်းစီထောက်ပံ့
DVB
·
August 17, 2024
MNDAA 1782024

လားရှိုး တိုက်ပွဲမှာ ကျသွားတဲ့ MNDAA စစ်သည်တွေအတွက် တယောက်ကို နစ်နာကြေး တရုတ်ယွမ်‌ ၃ သောင်းစီနဲ့ မိဘတွေကို တလ ယွမ် ၃၀၀ စီ ထောက်ပံ့ပေးတယ်လို့ ကာယကံရှင်မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ကာယကံရှင်မိသားစုနဲ့နီးစပ်သူ ကြူကုတ် (ပန်ဆိုင်း) ဒေသခံ အမျိုးသမီးတယောက်က “လားရှိုး တိုက်ပွဲမှာကျသွားတဲ့ ကိုးကန့် စစ်သားတွေ တယောက်ကို တရုတ်ငွေ ၃ သောင်းကျော် လျော်ကြေး ထုတ်ပေးတယ်၊ အရင်ညက” လို့ ပြောပါတယ်။

ကြူကုတ် (ပန်ဆိုင်း) ဘက်က MNDAA စစ်သည်‌တွေ လားရှိုးတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရသူတွေ အများအပြားရှိသလို သေဆုံးသူတွေလည်းရှိတယ်လို့ သူက ပြောပါတယ်။

ဒေသခံတယောက်က “နစ်နာကြေးက သေဆုံးသွားတဲ့ ကိုးကန့်စစ်သားတွေရဲ့ မိဘတပါးကို တလ တရုတ် ယွမ် ၃၀၀ စီ ထောက်ပံ့မယ်တဲ့။ ကိုးကန့်အစိုးရတည်နေသရွေ့ပေါ့” လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ ကိုးကန့်စစ်သည်တွေကို နောက်တန်းဖြစ်တဲ့ လောက်ကိုင်ဘက် ဆေးရုံမှာ ဆေးကုသနေချိန် စသ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရ MNDAA စစ်သည်တွေထဲက သေဆုံးသွားသူတွေရှိသလို စကား‌မပြောနိုင်တော့တဲ့ စစ်သည် လူနာတွေလည်း ရှိတယ်လို့ MNDAA စစ်သည်လူနာမိသားစုနဲ့ နီးစပ်သူတယောက်ကလည်း ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက် နေ့မနက် ၁ နာရီလောက်က  MNDAA တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့က ဆေးရုံကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024