နယူးကာဆယ်အသင်းဟာ နောက်ခံလူ ဂူဟီကို ခေါ်ယူဖို့အတွက် ခရစ္စတယ်ပဲလေ့အသင်းဆီကို လေးကြိမ်မြောက်ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။
အင်္ဂလန်လက်ရွေးစင်နောက်ခံလူအတွက် နယူးကာဆယ်အသင်းရဲ့ ပထမ၊ ဒုတိယနဲ့ တတိယအကြိမ်ကမ်းလှမ်းချက်တွေကို ပဲလေ့ဘက်က ပယ်ချခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ပေါင် ၅၅ သန်းကျော်နဲ့ လေးကြိမ်မြောက် ကမ်းလှမ်းခဲ့ပေမဲ့ ထပ်မံ ပယ်ချခံရဖို့ရှိနေ ပါတယ်။
ခရစ္စတယ်ပဲလေ့အသင်းဟာ ဂူဟီအတွက် ပေါင်သန်း ၆၀နဲ့ ထပ်ဆောင်းအပိုဆုကြေးတွေ ရရှိမှသာ အသင်းပြောင်းရွှေ့ခွင့်ပြုလိမ့်မယ်လို့ သိရပါတယ်။
ဂူဟီဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပွဲထွက်ကစားခွင့်ရရှိခဲ့သူဖြစ်ပြီး ထိပ်တန်းကလပ်တွေက ခေါ်ယူလိုနေတာဖြစ်ပါတယ်။
Photo-Reuters