နယူးကာဆယ်အသင်းကနေ ထွက်ခွါဖို့ အစီအစဉ်မရှိကြောင်း ကွင်းလယ်လူ ဂီမာရေ့စ်က အတည်ပြု သွားပါတယ်။
ဘရာဇီးကွင်းလယ်ကစားသမားကို ပရီးမီးယားလိဂ်ထိပ်တန်းကလပ်တွေအပါအဝင် ဆော်ဒီလိဂ်အသင်းတချို့က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြတာပါ။
ရာသီကြိုခြေစမ်းခရီးစဉ်တွေအတွင်းမှာ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ အသင်းမှာပျော်ရွှင်နေပြီး ထွက်ခွါဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးသေးကြောင်း ဂီမာရေ့စ်က ပြန်လည်ဖြေကြားခဲ့တာပါ။
အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် မသိရှိကြောင်းနဲ့ နယူးကာဆယ်အသင်းကို အကူအညီပေးနိုင်ဖို့သာ အာရုံစိုက်ထားကြောင်း ဂီမာရေ့စ်က ပြောပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲကို နောက်ထပ် တကြိမ် ပြန်ကစားချင်ပြီး ဆုဖလားတွေလည်း ရယူသွားချင်ကြောင်း ဂီမာရေ့စ်က ပြောသွားပါတယ်။
Photo-Reuters