Home
နိုင်ငံတကာ
ကမ္ဘာ့နိုင်ငံ ၆ နိုင်ငံ၏ Google Search တွင် AI အဖြေများ ပါဝင်လာမည်
DVB
·
August 16, 2024
Photo-Google

Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ဟာ AI နဲ့ အဖြေထုတ်ပေးတဲ့ ရှာဖွေမှုတွေကို နိုင်ငံသစ် ၆ ခုမှာ အသုံးပြုနိုင်တယ်လို့ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။

Google ဟာ အဲဒီနိုင်ငံတွေမှာ ရှာဖွေမှုတွေကို AI နဲ့ ပြန်လည်ဖြေကြားမှု ပြုလုပ်တဲ့ AI-generated ကို ထည့်သွင်းခဲ့ပြီးနောက် ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်ဖို့ ခေတ္တရပ်နားထားခဲ့ရာကနေ ၂ လအကြာမှာ အခုလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

AI Overviews ဟာ ပုံမှန်ဝက်ဘ်တွေမှာ ရှာဖွေတဲ့ သမားရိုးကျပုံစံမဟုတ်ဘဲ Page တွေထိပ်မှာ ဖော်ပြပေးတဲ့ပုံစံ ဖြစ်ပါတယ်။

ဒီပုံစံကို အမေရိကန်ရှိ နေရာတချို့မှာ ၁ နှစ် စမ်းသပ်အသုံးပြုပြီးနောက် အမေရိကန်မှာရှိတဲ့ နေရာအားလုံးမှာ အသုံးပြုနိုင်ပြီလို့ ဆိုပါတယ်။

မေးမြန်းမှုတွေကို အင်တာနက်မှာ ရှာဖွေပြီး ပြန်လည်ဖြေကြားမှုက မမှန်ကန်မှုတွေ ဖြစ်ခဲ့ပြီးနောက် ဒီ Feature ကို ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ကာ မေလအကုန်မှာ Update ပြုလုပ်ခဲ့ကြောင်း Google က ဖော်ပြပါတယ်။

AI Overviews ကို ဘရာဇီး၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မက္ကဆီကိုနဲ့ ဗြိတိန်နိုင်ငံ စတဲ့ ၆ နိုင်ငံမှာ အသုံးပြုနိုင်မှာဖြစ်ပြီး ပေါ်တူဂီနဲ့ ဟိန္ဒီဘာသာစကားလို ဒေသခံဘာသာစကားတွေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Google ဟာ hyperlink တွေ ထည့်သွင်းထားပြီး ဝက်ဘ်ဆိုက်တွေရဲ့ ညာဘက်မှာ AI generate အဖြေတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ဒီလို Update အသစ် ပြုလုပ်နိုင်တာက Google ရယ်၊ အသုံးပြုသူတွေရယ်၊ ထုတ်လုပ်သူတွေ အတွက်လည်း အကျိုးကျေးဇူးရှိတယ်လို့ စီနီယာဒါရိုက်တာတဦးက ထုတ်ပြောထားပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024