ဆော်ဒီအာရေဗျကို လက်နက်ရောင်းချခွင့်ပိတ်ပင်ထားမှုကို အမေရိကန်က ပယ်ဖျက်ပေးဖို့ ဆုံးဖြတ် ခဲ့တယ်လို့ သောကြာနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဆော်ဒီအာရေဗျဟာ ယီမင်ကို စစ်ရေးအရ ကျူးကျော်မှုတွေပြုလုပ်ခဲ့လို့ လက်နက်ရောင်းဝယ်ယူခွင့် ၃ နှစ်ပိတ်ပင်ခံထားရတာဖြစ်ပါတယ်။
ဝေဟင်ကနေ မြေပြင်သုံးလက်နက်တွေအားလုံး ဆော်ဒီအာရေဗျကို ရောင်းချခြင်းမပြုဖို့ အမေရိကန်က ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။
လက်နက်ရောင်းဝယ်ရေးနဲ့ပတ်သက်ပြီး နောက်ဆုံးဆုံးဖြတ်ချက်မချမီ အမေရိကန်လွှတ်တော်တွင် ပြန်လည်ဆွေးနွေးပြီးမှသာ ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒီမိုကရက်နဲ့ ရီပါ့ဘလစ်ကန်ကိုယ်စားလှယ်တွေဟာ ဆောဒီအာရေဗျကို လက်နက် ဝယ်ယူ ခွင့် ပြုမယ်ဆိုရင် ယီမင် ပြည်သူတွေနဲ့ လူ့အခွင့်အရေးအရ စိုးရိမ်စရာတွေရှိတဲ့အကြောင်း ပြီးခဲ့တဲ့ နှစ်တွေက အဓိက ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အောက်တိုဘာ ၇ ရက်က ဟားမက်က အစ္စရေးကို စတင်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲပေါ်ပေါက် လာတာကြောင့် ယီမင်အရေးက ပြောင်းလဲမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ် မတ်လကတည်းက ဆော်ဒီနဲ့ ဟူသီတို့ဟာ ယူအမ်ရဲ့ အပစ်အခတ်ရပ်ဆဲခဲ့ကြတာက လည်း ဒီပိတ်ပင်ထားမှုကို ဖြေလျှော့ပေးတဲ့ အဓိကအချက်ဖြစ်တယ်လို့ အမေရိကန်အစိုးရရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။