Home
နိုင်ငံတကာ
ယီမင်တွင် မိုးသည်းထန်ရေကြီးမှုကြောင့် အနည်းဆုံး လူ ၄၅ ဦး သေဆုံး
DVB
·
August 10, 2024
Photo -REUTERS

မိုးသည်းထန် ရေကြီးတာကြောင့် ယီမင်နိုင်ငံမြောက်ပိုင်းမှာ အနည်းဆုံး လူ ၄၅ ဦးသေဆုံးခဲ့တယ်လို့ ကျန်းမရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

မိုးသည်းထန် ရေကြီးမှုကြောင့် အခြေခံအဆောက်အအုံတွေနဲ့ တောင်ကြားလမ်းတွေ ပျက်စီးနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခက်အခဲတွေရှိနေပြီး  ဒဏ်ရာရသူ ဒါဇင်ကျော်ရှိတယ်လို့လည်း ဟူသီမီဒီယာက ဖော်ပြပါတယ်။ ပျောက်ဆုံးသူ ၁၀၀ ကျော်ရှိပြီး အိမ်ခြေ ၅၀ ကျော် ပျက်ဆီးခဲ့တယ်လိုလည်း ဆိုပါတယ်။ 

ရေကြီးမှုမှာ ဒီဒေသရဲ့ ဆိပ်ကမ်းနဲ့ စိုက်ပျိုး မြေတွေကို ထိန်းချုပ်ထားပြီး ကာကွယ်ထောက်ပံ့မှုတွေ မလုပ်ခဲ့တဲ့ ဟူသီအဖွဲ့ကို အစိုးရက အပြစ်တင်ထားပါတယ်။ 

သဘာဝ ဘေးအန္တရာယ်ကျရောက်မှုကို အကူအညီပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ယီမင်အစိုးရက အကူညီတောင်းထားပါတယ်။ 

ယီမင်အမျိုးသား မိုးလေဝသဌာနက တနိုင်ငံလုံး မိုးမုန်တိုင်းဆက်ကျနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားပြီး ပြည်သူတွေလည်း ရေနှစ်မြှုပ်နိုင်တဲ့ နေရာတွေကို ရှောင်ရှားဖို့ အကြံပြုထားပါတယ်။ 

ယီမင်နိုင်ငံဟာ ၂၀၀၄ ခုနှစ်ကတည်းက ပဋိပက္ခတွေကြောင့် စီးပွားရေးနဲ့ နိုင်ငံရေးမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ယီမင်နိုင်ငံဟာ လူဦးရေနဲ့ ရိက္ခာမလုံလောက်မှုကြောင့် ဆင်းရဲမှု၊ အာဟာရ့ချို့တဲ့မှုတွေနဲ့ ရင်ဆိုင်နေရပြီး သဘာဝဘေးအန္တရာယ်ကြောင့် ပိုပြီး အခက်အခဲကြုံနေရတာပါ။  

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013