ဂျီဘရော်တာနိုင်ငံကို စပိန်ပိုင်နက်မြေအဖြစ် သီချင်းလုပ်ဆိုခဲ့တဲ့ စပိန်ကွင်းလယ်လူရိုဒရီနဲ့ မိုရာတာတို့ကို ယူအီးအက်ဖ်အေက ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
စပိန်အသင်းက အင်္ဂလန်ကို အနိုင်ရပြီး ယူရိုချန်ပီယံအဖြစ် အောင်ပွဲခံရာမှာ ဂျီဘရော်တာဟာ စပိန်ပိုက်နက်မြေဖြစ်တယ်ဆိုတဲ့စာသားကို စပိန်အသင်းခေါင်းဆောင် မိုရာတာနဲ့ ရိုဒရီတို့က သီချင်းလုပ်ပြီး သီဆိုခဲ့တာပါ။
ဂျီဘရော်တာဟာ စပိန် တောင်ပိုင်းနယ်မြေနဲ့ ထိစပ်နေတဲ့ နိုင်ငံငယ်လေးဖြစ်ပြီး စပိန်နိုင်ငံအောက် ခိုလှုံခွင့်ကို အကြိမ်ကြိမ် ပယ်ချခဲ့ဖူးတာပါ။
မိုရာတာနဲ့ ရိုဒရီတို့ဟာ ချမှတ်ထားတဲ့အထွေထွေစည်းမျဉ်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာကြောင့်လို့ ယူအီးအက်ဖ်အေက သုံးသပ်ပြီး အနီးဆုံးနိုင်ငံတကာပွဲစဉ်တပွဲကို ပွဲပယ် ချမှတ်ခဲ့တာပါ။
အဲဒီဆုံးဖြတ်ချက်အပေါ် ဂျီဘရော်တာဘောလုံးအဖွဲ့ချုပ်ဘက်ကလည်း ကြိုဆိုလိုက်ပြီး ဘောလုံးဟာ ငြိမ်းချမ်းမှု၊ နားလည်မှုနဲ့ တရားမျှတမှုတွေကို မြှင့်တင်ပေးတဲ့ ပလက်ဖောင်းတစ်ခုအဖြစ် ဆက်ရှိနေဆဲဆိုတာကို သတင်းစကားပေးပို့လိုက်တာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ ပါတယ်။
Photo-Reuters