ပါလက်စတိုင်း-အစ္စရေးပဋိပက္ခ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ အောက်တိုဘာ ၇ ရက်ကတည်းက စစ်ပွဲ ဒဏ်သင့် ဂါဇာကမ်းမြောင်ဒေသမှာ အဆောက်အအုံတွေ ၃ ပုံ ၂ ပုံ နီးပါးဟာ အလုံးစုံပျက်စီးခြင်းနဲ့ ထိခိုက်ပြိုကျ ပျက်စီးမှုတွေ ဖြစ်ခဲ့ရကြောင်း ကုလသမဂ္ဂက သောကြာနေ့မှာ ပြောပါတယ်။
ဂြိုဟ်တုဓာတ်ပုံတွေရဲ့ နောက်ဆုံးအကဲဖြတ်မှုအပေါ် အခြေခံပြီး ပဋိပက္ခအတွင်း အဆောက်အအုံ ပေါင်း ၁ သိန်းခွဲကျော် သို့မဟုတ် စုစုပေါင်း အဆောက်အအုံတွေရဲ့ ၆၃ ရာခိုင်နှုန်း ပျက်စီးခဲ့ကြောင်း ကုလသမဂ္ဂ ဂြိုလ်တုစင်တာက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
ဂါဇာဒေသခံ အများအပြားကတော့ သူတို့ဟာ အစ္စရေးစစ်တပ်က သတ်မှတ်ထားတဲ့ "ဘေးကင်းဇုန်" မှာ နေရင်တောင် တိုက်ခိုက်ခံရမယ်လို့ ပြောပါတယ်။
သူတို့ရဲ့နေအိမ်တွေဟာ အကြိမ်ကြိမ် ဖျက်ဆီးရခံခဲ့ရပြီး ပုန်းခိုစရာနေရာတောင် မရှိတော့ပါဘူး။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အစ္စရေးစစ်တပ်က လူ ၃၅ ဦးကို သတ်ဖြတ်ခဲ့ပြီး ၅၅ ဦး ဒဏ်ရာ ရရှိခဲ့တာကြောင့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ နောက်ဆုံး ဖြစ်ပွားပြီးကတည်းက ပါလက်စတိုင်းမှ သေဆုံးသူ ၃၉,၄၈၀ ဦးနဲ့ ဒဏ်ရာရရှိသူ ၉၁,၁၂၈ ဦး ရှိကြောင်း ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်တွေက ကြာသပတေးနေ့ထုတ်ပြန်ချက်ထဲမှာ ပြောကြားခဲ့ပါတယ်။
Source-Reuters