စိတ်လှုပ်ရှားစရာစီမံကိန်းကြောင်း ဖူဟမ်အသင်းဆီပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ကစားသမားသစ် အမ်မလီစမစ်ရိုးက ပြောသွားပါတယ်။
စမစ်ရိုးဟာ အာဆင်နယ်အသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမားတဦးဖြစ်ပြီး မနှစ်ကရာသီက ပွဲထွက်ခွင့်နည်းပါးခဲ့ပြီးနောက် ဖူဟမ်အသင်းဆီ ပေါင် ၂၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။
ဖူဟမ်နည်းပြ မာကိုဆေးလ်ဗားနဲ့ အသင်းရဲ့ စီမံကိန်းသစ်အကြောင်း ဆွေးနွေးခဲ့ပြီးနောက်မှာ ကစားသမားဘဝ နောက်တဆင့်တက်လှမ်းဖို့နဲ့ စိတ်လှုပ်ရှားစရာစီမံကိန်းသစ်ကြောင့် အသင်းပြောင်းရွှေ့လာခဲ့တာလို့ စမစ်ရိုးကပြောပါတယ်။
အသက် ၂၄ နှစ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမားဟာ အသက် ၁၀ နှစ်လောက် ကတည်းက အာဆင်နယ်အကယ်ဒမီကို စတင်ရောက်ရှိခဲ့သူဖြစ်ပြီး အသင်းဟောင်းကိုလည်း နှုတ်ဆက်စကားဆို ခဲ့ပါတယ်။
ဖူဟမ်အသင်းဟာ စပါးနောက်ခံလူ ဆက်ဆတ်နွန်ကိုခေါ်ယူခဲ့သလို မန်ယူကွင်းလယ်လူ တွန်မီနေးကိုခေါ်ယူဖို့လည်း ကြိုးပမ်းနေပါတယ်။
Photo-Reuters