Home
မြန်မာသတင်း
ဖလမ်းမြို့သိမ်းတိုက်ပွဲသတင်းကြောင့် ပြည်သူအချို့ မြို့ကိုစွန့်ခွာ
DVB
·
July 27, 2024

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ မြို့သိမ်းတိုက်ပွဲသတင်းကြောင့် ပြည်သူတချို့ မြို့ကိုစွန့်ခွာ ထွက်ပြေးနေကြပြီလို့ မြို့ခံတွေက ပြောပါတယ်။

ဇူလိုင်လအစောပိုင်းကနေ ဇူလိုင် ၂၅ ရက်နေ့အထိ မြို့ရဲ့ ၃ ပုံ ၁ ပုံနီးပါး၊ ပြည်သူ ၅,၀၀၀ လောက် တိမ်းရှောင်ခဲ့တယ်လို့ သိရပါတယ်။

CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “ကျနော်တို့ တရားဝင်စာထုတ်တာ ပြည်သူတွေကို ရှောင်းခိုင်းတာမရှိပါဘူး။ စစ်ရေးတင်းမာလာနိုင်တာမို့ အဆင်သင့်လုပ်ကြတာဖြစ်ပါလိမ့်မယ်။ မြို့ထဲမှာလူတွေရှိနေပါတယ်။ ပြည်သူတွေအဆင်သင့်ပြင်နေတာ ၂ ပတ် ၃ ပတ်ရှိပါပြီ” လို့ ပြောပါတယ်။

ဖလမ်းမြို့ခံပြည်သူတွေဟာ နီးစပ်ရာကျေးရွာ၊ ကလေးနယ်နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ပြောင်းရွှေ့သွားကြတာလို့ သိရပါတယ်။

ဖလမ်းမြို့ခံတယောက်က “ရှောင်တာက အခုရက်ပိုင်း စုစုပေါင်း ၅,၀၀၀ ကျော်ရှိပြီ။ မြို့ရဲ့ ၃ ပုံ တပုံလောက်ပေါ့။ ဖလမ်းနယ်ထဲရွာတွေနဲ့ မီဇိုဘက်ကိုသွားကြတယ်။ ကျန်တဲ့သူတွေကလည်း ပြောင်းဖို့ပြင်ဆင်နေတယ်။ ကလေးတွေ စာမေးပွဲဖြေနေတုန်းမို့လို့ စာမေးပွဲဖြေပြီးသွားရင် ပြောင်းတဲ့သူပိုများလာမယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ဟာ ချင်းအမျိုးသားကာကွယ်ရေးတပ် CNO/CNDF အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားတဲ့မြို့ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013