ဂျပန်နိုင်ငံမှာ ဇူလိုင် ၂၂ ရက်က နိုင်ငံရဲ့စီရင်စု ၄၇ ခုထဲက ၃၉ ခုမှာ အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ်ကျော်အထိ မြင့်တက်လာလို့ အပူဒဏ်သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
တိုကျိုမြို့အနောက်ဘက်က ဟိုချိအိုဂျိမြို့မှာ အပူချိန် ၃၇ ဒသမ ၆ ဒီဂရီစင်တီဂရိတ်ရှိပြီး ဂျပန်မြို့တော်မြောက်ဘက် ဂန်းမာ့စီရင်စုမှာ အပူချိန် ၃၈ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ထိ ရှိခဲ့တယ်လို့ အများပြည်သူပိုင်ရုပ်သံ NHK က ဖော်ပြခဲ့ပါတယ်။
တိုကျိုမြို့တော်မှာ အပူဒဏ်ကို ခံနိုင်ရည်ရှိတဲ့ လူအများအပြားက ထီးတွေ၊ ပန်ကာတွေ အပါအဝင် အအေးပေးကိရိယာတွေကို ဆောင်ထားကြပါတယ်။
ဂျပန်နိုင်ငံရဲ့ အပူချိန်တွေဟာ အခုသီတင်းပတ်နှောင်းပိုင်းမှာ ပြန်ကျဆင်းနိုင်တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ခန့်မှန်းထားပါတယ်။
ဇူလိုင် ၂၁ ရက်မှာ အပူချိန်ဟာ စံချိန်ကျိုးခဲ့ပြီး ဂျပန်နိုင်ငံတလွှား နေရာ ၂၀၀ ကျော်မှာ အစွန်းရောက် အပူချိန်ကို ခံစားရမယ်လို့ ဟောကိန်းထုတ်ထားပါတယ်။
Source-Reuters