ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ CrowdStrike က လုပ်ဆောင်တဲ့ ဆော့ဖ်ဝဲ အက်ပ်ဒိတ်ကြောင့် ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာပြတ်တောက်မှုကြီးမှာ Windows စနစ်သုံး စက်အလုံးရေ ၈ သန်းခွဲနီးပါးကို သက်ရောက်မှုရှိခဲ့တယ်လို့ မိုက်ခရိုဆော့ဖ်က ထုတ်ပြန်ပါတယ်။
ဒါဟာ လက်ရှိ ဝင်းဒိုးစ်စနစ်သုံး စက်အလုံးရေရဲ့ ၁ ရာခိုင်နှုန်းထက်နည်းတယ်လို့ ဆိုပါတယ်။ အကြီးဆုံး ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ CrowdStrike ရဲ့ ဆော့ဖ်ဝဲအက်ပ်ဒိတ်ကြောင့် စနစ်ပြဿနာတက်ပြီး လေကြောင်းခရီးစဉ်တွေ၊ ရုပ်သံလိုင်းတွေ ရပ်ဆိုင်းကုန်သလို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဘဏ်စနစ်တွေပါ တချို့နေရာတွေမှာ ရပ်ဆိုင်းကုန်ခဲ့ပါတယ်။
သက်ရောက်တဲ့ အလုံးရေရာခိုင်နှုန်းနည်းပေမဲ့ CrowdStrike ကို သုံးတဲ့ လုပ်ငန်းကြီးတွေက အရေးပါတဲ့ ဝန်ဆောင်မှုတွေကို လုပ်ကိုင်တာဖြစ်တဲ့အတွက် စီးပွားရေးနဲ့ လူမှုရေးသက်ရောက်မှုတွေ ကျယ်ပြန့်ခဲ့တယ်လို့ မိုက်ခရိုဆော့ဖ်က ထုတ်ပြန်ပါတယ်။
လေကြောင်းခရီးစဉ် ထောင်ချီဖျက်သိမ်းခဲ့ရအပြီး အခုအခါမှာတော့ ပြန်လည်လည်ပတ်နေပြီ ဖြစ်ပေမဲ့ ရွှေ့ဆိုင်း၊ ရပ်နားခဲ့ရတဲ့ အခြေအနေတွေကြောင့် ခရီးသည်အများအပြား အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။
Source-Reuters