AI ချစ်ပ်ပြားထုတ်လုပ်တဲ့ Nvidia ကုမ္ပဏီရဲ့ ရှယ်ယာတွေ ဇွန် ၁၉ ရက် အင်္ဂါနေ့မှာ အမြင့်ဆုံးတက်ခဲ့တာကြောင့် Nvidia ဟာ ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။
Nvidia ရဲ့ ရှယ်ယာတွေဟာ တရက်တည်းမှာ ဒေါ်လာ ၁၃၆ နီးပါးအထိရှိခဲ့ပြီး ၃ ဒသမ ၅ ရာခိုင်နှုန်း အသာရကာ မိုက်ခရိုဆော့ဖ်ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
AI ဆော့ဖ်ဝဲတွေ အသုံးပြုတဲ့နေရာမှာ လိုအပ်တဲ့ ချစ်ပ်ပြားတွေ ထုတ်လုပ်ပေးတဲ့ Nvidia ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရောင်းအားနဲ့ အမြတ်တိုးတက်လာပြီး ကမ္ဘာ့တန်ဖိုးအရှိဆုံး ကုမ္ပဏီ ဖြစ်လာတာပါ။
ရင်းနှီးမြှုပ်နှံသူတွေကလည်း AI နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ ပိုမိုအားကောင်းလာမယ်လို့ ယုံကြည်ထားတာကြောင့် Nvidia ကုမ္ပဏီရဲ့ ရှယ်ယာစျေးနှုန်းတွေ တိုးလာတာဖြစ်ပါတယ်။
Nvidia ရဲ့ ပိုင်ဆိုင်မှုဟာ ဒီနှစ်အစကထက် ၂ ဆနီးပါး တိုးတက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဒေါ်လာ ၃ ဒသမ ၃၄ ထရီလီယံအထိ ရှိလာပါတယ်။
ပြီးခဲ့တဲ့ ၈ နှစ်ကဆိုရင် Nvidia ရဲ့ ရှယ်ယာတန်ဖိုးက လက်ရှိစျေးနှုန်းထက် ၁ ရာခိုင်နှုန်းအောက်သာ ရှိခဲ့တာ တွေ့ရပါတယ်။
ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ မိုက်ခရိုဆော့ဖ်၊ အယ်လ်ဖာဘတ်၊ မတ်တာ၊ Apple တို့ဟာ AI နည်းပညာပြိုင်ပွဲ ကြီးထွားလာတာနဲ့အမျှ Nvidia က ကြီးမားတဲ့အမြတ်အစွန်းတွေ ရရှိနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် Nvidia ဟာ ပြီးခဲ့တဲ့နှစ်တွေက ကျွမ်းကျင်သူတွေ ခန့်မှန်းထားတာထက် ရောင်းအားနဲ့ အကျိုးအမြတ် ပိုပြီးရရှိခဲ့တာ ဖြစ်ပါတယ်။
Source-Reuters