Home
မြန်မာသတင်း
ပုသိမ်ဒေသခံ ၂ ဦးကို PDF ထောက်ပံ့ဟု စွပ်စွဲဖမ်းဆီး 
DVB
·
July 22, 2024
Photo - သုတ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ တော်လှန်ရေးတပ် PDF တွေကို ထောက်ပံ့ရေးပစ္စည်းတွေ စုဆောင်းထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲပြီး ဒေသခံ ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပုသိမ်မြို့နယ်၊ တောင်တန်းကုန်းကျေးရွာက အမျိုးသမီးတဦးနဲ့ အမျိုးသား တဦးတို့ကို PDF တွေကို ထောက်ပံ့ရေးပစ္စည်းတွေ စုဆောင်းဆက်သွယ်ကူညီ ထောက်ပံ့ပေးနေတယ်လို့ စစ်ကောင်စီတပ်က စွပ်စွဲပြီး ဇူလိုင် ၁၇ ရက်နဲ့ ၁၉ ရက်တွေမှာ ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။ 

ပုသိမ်ဒေသခံတဦးက ''တောင်တန်းကုန်းက အဖမ်းခံရတဲ့ အမျိုးသမီး ဒေါ်စန်းစန်းဦးဆိုတဲ့ အမျိုးသမီးပါ။ PDF တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီးဖမ်းတာ။ နောက်ထပ် အမျိုးသား တဦးကတော့ နာမည်မသိသေးဘူး''လို့  ပြောပါတယ်။ 

အဖမ်းခံရတဲ့ အသက် ၄၀ ကျော် အရွယ် ဒေါ်စန်းစန်းဦးနဲ့ အသက် ၂၀ ကျော်အရွယ် လူငယ်တဦးတို့ကို ပုသိမ်မြို့မ ရဲစခန်းကို စစ်ကောင်စီတပ်က ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်နဲ့ နီးစပ်သူက '' ဖမ်းဆီးလာတော့ ၂  ယောက်လုံး ရိုက်နှက်ဖမ်းဆီးလာတာ။ ဒီနေ့အထိတော့ ပုသိမ်မြို့မရဲစခန်းမှာပဲထားပြီး စစ်ဆေးနေတယ်။ မိသားစုတွေတော့ လာတာတွေ့ရတယ်။ စစ်ကောင်စီတပ်ဘက်ကတွေ့ခွင့်မပေးဘူး”လို့ ပြောပါတယ်။ 

ဒေါ်စန်းစန်းဦး ပိုင်ဆိုင်တဲ့ ဂိုဒေါင်ကိုလည်း စစ်ကောင်စီတပ်က ဇူလိုင် ၁၈ ရက်မှာ ချိပ်ပိတ်သိမ်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013