Home
မြန်မာသတင်း
စဉ့်ကူးမြို့အား ပြန်လည်ထိန်းချုပ်နိုင်ဟု စစ်ကောင်စီ ဝါဒဖြန့်
DVB
·
July 21, 2024

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုတဲ့ သတင်းထုတ်ပြန်ချက်ဟာ ဝါဒဖြန့်ယုံသက်သက်ပဲဖြစ်တယ်လို့ MDY PDF က ပြောပါတယ်။

စဉ့်ကူးမြို့ကို အခု ၁၇ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်လိုက်နိုင်ပြီလို့ ဇူလိုင် ၂၀ ရက် မနေ့ညနေပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ဇူလိုင် ၂၀ ရက်နေ့မှာပဲ စဉ့်ကူးမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ညပိုင်းမှာ သတင်းထုတ်ပြန်လာတာပါ။

စဉ့်ကူးမြို့ဟာ MDY PDF ရဲ့ ထိန်းချုပ်မှုလက်အောက်မှာပဲ ရှိနေသေးပြီး စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်ဟာ ဝါဒဖြန့်တာပဲ ဖြစ်တယ်လို့ MDY PDF ရဲ့ စစ်ရေးသတင်းအရင်းအမြစ် တယောက်က ပြောပါတယ်။

‘စဉ့်ကူးမြို့အတွင်းနဲ့ မြို့အပြင်အနီးတဝိုက်ကို တပ်မတော်စစ်ကြောင်းတွေက တန်ပြန် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေးဆောင်ရွက်ဖို့ ဇူလိုင် ၁၉ ရက်နေ့မှာ ရေကြောင်း၊ ကုန်းကြောင်းတို့နဲ့ အဆင့်ဆင့်ခြေကုပ်ရယူပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ ရယူပြီး ချီတက်တိုက်ခိုက်ခဲ့ရာမှာ PDF တွေ ဆုတ်ခွာပြီး ဇူလိုင် ၂၀ ရက်နေ့မှာပဲ မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ’လို့ စစ်ကောင်စီက ဝါဒဖြန့်ခဲ့တာ ဖြစ်ပါတယ်။

စဉ့်ကူးမြို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မန္တလေးတိုင်းအတွင်း ပထမဆုံး သိမ်းယူနိုင်တဲ့မြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပသလို မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၁၀၀ ကျော် ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013