Home
နိုင်ငံတကာ
ထရမ့်ပ်ကို လုပ်ကြံရန်ကြိုးပမ်းသူမှာ အသက် ၂၀ အရွယ် အမျိုးသား ၁ ဦးဖြစ်
DVB
·
July 14, 2024
Photo - NY Post

ဒေါ်နယ်ထရမ့်ပ်ကို ပစ်ခတ်လုပ်ကြံဖို့ ကြိုးစားသူဟာ အသက် ၂၀ အရွယ်  သောမတ်စ် မက်သယူး ခရွတ်ခ်စ် ဖြစ်တယ်လို့ အာဏာပိုင်တွေက အတည်ပြုပြောပါတယ်။

ပင်ဆီလ်ဗေးနီးယားပြည်နယ်က မဲဆွယ်ပွဲကျင်းပရာနေရာနဲ့ ၃၅ မိုင်အကွာမှာ ရှိတဲ့ ဘီသဲလ်ပါ့ခ်မှာ နေထိုင်သူဖြစ်ပြီး သူက ထရမ့်ပ်ကို ပစ်ခတ်ပြီးနောက်မှာ လျှို့ဝှက်ထောက်လှမ်းရေးတွေက သူ့ကို အသေပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။

ခရွတ်ခ်စ်ဟာ ၂၀၂၂ ခုနှစ်ကမှ ဘီသဲလ်ပါ့ခ် အထက်တန်းကျောင်းပြီးတာဖြစ်ပြီး အခုတကြိမ်ဟာ ပထမဆုံး မဲပေးခွင့်ရမှာ ဖြစ်ပါတယ်။

ရီပတ်ဘလီကန်အဖြစ် မဲပေးဖို့ တရားဝင်မှတ်ပုံတင်ထားသူဖြစ်ပေမဲ့ ဒီမိုကရက်တွေနဲ့ ပတ်သက်တဲ့ ကော်မတီတရပ်ကိုလည်း ဒေါ်လာ ၁၅ ဒေါ်လာ လှူဖူးတယ်လို့ဆိုပါတယ်။

ဘာကြောင့် ထရမ့်ပ်ကို လုပ်ကြံဖို့ကြိုးစားတာလဲဆိုတဲ့ အချက်ကိုတော့ မသိရှိရသေးပါဘူး။ မဲဆွယ်ပွဲ ပြုလုပ်ရာနေရာ အနီးက အဆောက်အအုံခေါင်မိုးပေါ်ကနေ လှမ်းပစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီအဆောက်အအုံမှာ ရဲအင်အား ထူထပ်စွာ ချထားတဲ့ကြားက သေနတ်သမားက ဘယ်လို တက်လာခဲ့သလဲဆိုတာ မသိရသေးပါဘူး။

တခြားခေါင်မိုးတွေမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေ စနိုက်ပါတွေနဲ့ တပ်စွဲထားတဲ့ ပုံရိပ်တွေ ထွက်ပေါ်လာပါတယ်။

ဒီလောက် လုံခြုံရေးရှိနေတဲ့ကြားက ဘယ်လို ပစ်ခတ်လုပ်ကြံနိုင်ခဲ့သလဲဆိုတာ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013