Home
မြန်မာသတင်း
သိမ်းဆည်းမိသည့် လေယာဉ်ပစ် စက်သေနတ်ကြီးများကို လေ့ကျင့်ပြင်ဆင်ထားဟု MDY PDF ထုတ်ပြန်
DVB
·
July 11, 2024
Photo Crd-ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
Photo Crd-ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
Photo Crd-ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
Photo Crd-ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
Photo Crd-ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်ဟာ စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်သွားပြီး အင်ကြင်းမြိုင်တပ်စခန်းကနေ သိမ်းဆည်းရရှိတဲ့ လေယာဉ်ပစ် စက်သေနတ်ကြီးတွေကိုလည်း လေကျင့်ပြင်ဆင်ပြီးဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဇူလိုင် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ တာဝန်ခံတဦးက “နောင်ချိုမြို့က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ ၁၁၄၊ ၁၁၅ တွေကို အရင်သိမ်းပိုက်ရရှိပြီး အမှတ် ၆၀၆ အ‌မြောက်တပ်ကို နောက်ဆုံး သိမ်းပိုက်ရရှိခဲ့ပါတယ်။ အခုတော့ နောင်ချိုမြို့ကို ကျနော်တို့ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေက အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့အတွက် နောင်ချိုမြို့ဟာ စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်သွားပါပြီ” လို့ DVB ကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ နောင်ချိုမြို့က စစ်ကောင်စီတပ်စခန်းတွေကနေ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း အများအပြားကိုလည်း စစ်သုံ့ပန်းဥပဒေနဲ့အညီ ထားရှိကာ စခန်းသိမ်းတိုက်ပွဲတွေကနေ အတွဲလိုက်ပစ်ဒုံးတွေ အပါအဝင် လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရရှိထားတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက “ကျနော်တို့ တပ်ပေါင်းစုတွေဟာ စစ်ကောင်စီရဲ့ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်က သိမ်းဆည်းရရှိတဲ့ လေယာဉ်ပစ် စက်သေနတ်ကြီးတွေကိုလည်း လေ့ကျင့်ပြင်ဆင်ပြီး ဖြစ်ပါတယ်။ နောင်ချို စခန်းသိမ်းတိုက်ပွဲကဆိုရင် အတွဲလိုက်ပစ်ဒုံးတွေ အပါအဝင် လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရရှိထားလို့ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ အမြန်ဆုံး လက်နက်ချ အလင်းဝင်ရောက်ကြဖို့ ထပ်မံတိုက်တွန်း သတိပေးလိုတယ်” လို့ ပြောပါတယ်။

မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ပျုစောထီး အဖွဲ့ဝင်တွေ အနေနဲ့ အမြန်ဆုံး လက်နက်ချပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပြီးခဲ့တဲ့ရက်ပိုင်းကမှ သတိပေး ​တိုက်တွန်းထားပါတယ်။

လက်နက်မချတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

နောင်ချိုမြို့ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ TNLA ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024