အခုသီတင်းပတ်ထဲမှာ လက်ထပ်တော့မယ့် အာရှအချမ်းသာဆုံး သူကြွယ်ကြီးရဲ့သား မူကက်ရှ် အမ်ဘာနီရဲ့ မင်္ဂလာပွဲအတွက် ခမ်းနားထည်ဝါတဲ့ အလှဆင်မှုတွေနဲ့ ပတ်သက်ပြီး မွမ်ဘိုင်းမြို့ခံ တွေ သဘောထား ကွဲလွဲခဲ့ကြပါတယ်။
အမ်ဘာနီမိသားစုရဲ့ ၂၇ ထပ်အိမ်ကြီး အန်တီလီယာနားမှာနေသူ ဒေဗန်ရှီ ဇာဗေရီက အပြင်အဆင်တွေက ရယ်စရာကောင်းတယ်လို့ ပြောပါတယ်။
အလှဆင်မီးတွေ၊ အနီရောင်ပန်းတွေနဲ့ အလှဆင်ထားတဲ့ မင်္ဂလာပွဲကျင်းပရာ နေရာအနီးတဝိုက်မှာ ယာဉ်အသွားအလာ နှေးကွေးနေပြီး ဇူလိုင် ၁၂ ရက်ကနေ ၁၅ ရက်အထိ ကျင်းပမယ့် မင်္ဂလာပွဲအတွင်း လမ်းပိတ်မှာဖြစ်လို့ ဒေသခံတွေ ဒေါသထွက်ခဲ့ကြပါတယ်။
ဒါပေမဲ့ မွန်ဘိုင်းမြို့ခံ တခြားလူတွေကတော့ နိုင်ငံတကာက ကျော်ကြားသူတွေရဲ့ အလွန်အကျွံ သုံးစွဲမှုနဲ့ လာရောက်လည်ပတ်မှုက စီးပွားရေးကို အထောက်အကူဖြစ်စေလို့ ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတွေကို ကြိုဆိုတယ်လို့ ပြောပါတယ်။
ပွဲစီစဉ်သူတွေက ဘယ်သူတွေ တက်ရောက်မယ်ဆိုတာကို နှုတ်ဆိတ်နေပေမဲ့ ဒါဟာ နိုင်ငံတကာ ငွေကြယ်ပွင့်တွေပါတဲ့ ပွဲဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။
ဘီလီယံနာ သူကြွယ်ကြီးရဲ့ သားအငယ်ဆုံးဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် ရွယ်တူဖြစ်တဲ့ အာနန် အမ်ဘာနီနဲ့ သူ့ရဲ့ သက်တမ်းရှည်ချစ်သူ ရာဒီခါ မားချန့်တို့ရဲ့ မင်္ဂလာပွဲဟာ တနှစ်ပတ်လုံး ခမ်းနားထည်ဝါတဲ့ အခမ်းအနားတွေရဲ့ အထွတ်အထိပ် ဖြစ်လာပါတယ်။
ဇူလိုင် ၁၂ ရက်မှာကျင်းပမယ့် မင်္ဂလာပွဲကို ဟိန္ဒူရိုးရာ ဓလေ့ထုံးတမ်းတွေနဲ့အညီ ကျင်းပမှာဖြစ်ပြီး ဧည့်ခံပွဲကို နှစ်ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။
Source-Reuters