ဗောက်စ်ဝက်ဂွန်ကားကုမ္ပဏီဟာ တက်စလာရဲ့ ပြိုင်ဘက် ရီဗီယန်ကုမ္ပဏီမှာ အမေရိကန် ဒေါ်လာ ၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်လိုက်ပါတယ်။
တရုတ် EV ကားတွေ တင်သွင်းမှုကို EU က အခွန်တင်းကျပ်ဖို့ စီစဥ်ပြီးတဲ့နောက် ဥရောပ EV ထုတ်လုပ်သူတွေရဲ့ ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာတာပါ။
ရီဗီယန်နဲ့ ဗောက်စ်ဝက်ဂွန်တို့ရဲ့ သဘောတူညီချက်အရ ပထမဆုံး ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး ၂၀၂၆ မှာ ကျန်တဲ့ ဒေါ်လာ ၄ ဘီလီယံ ကုမ္ပဏီကိုထည့်ဝင်မှာ ဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ ရီဗီယန်ဟာ ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော် အရှုံးပြနေပြီး ၂၀၂၄ ခုနှစ် ပထမ ၃ လအတွက်လည်း အမြတ်မရသေးပါဘူး။
တက်စလာနဲ့ တရုတ်နိုင်ငံထုတ် BYD တို့ရဲ့ EV ကားထုတ်လုပ်မှုက ဗောက်စ်ဝက်ဂွန်တို့လို ကားကုမ္ပဏီကြီးတွေအတွက် ဖိအားဖြစ်စေပြီး EV ကား စထုတ်လုပ်ဖို့ တွန်းအားဖြစ်စေပါတယ်။
ဗောက်စ်ဝက်ဂွန်ဟာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခဲ့လို့ ရီဗီယန်ရဲ့ ဆော့ဖ်ဝဲလ်တွေကို ဂျာမနီကားတွေမှာ ချက်ချင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂ EU က တရုတ်ရဲ့ EV ကားတွေအပေါ် အခွန် ၃၈ ရာခိုင်နှုန်း တိုးမြှင့်မယ်လို့ ကြေညာထားပြီး ဇူလိုင် ၄ ရက်မှာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
Source-Reuters