အုပ်စုပထမနေရာရဖို့ အရေးကြီးတာကြောင့် ဆွစ်ဇာလန်နဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို အနိုင် ကစားသွားမယ်လို့ ဂျာမနီနည်းပြ နာဂယ်စ်မန်းက ပြောသွားပါတယ်။
ယူရို ၂၀၂၄ ပြိုင်ပွဲအိမ်ရှင် ဂျာမနီအသင်းဟာ ဟန်ဂေရီနဲ့ စကော့တလန်အသင်းတွေကို အနိုင်ရခဲ့ပြီးနောက် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။
ဒါပေမဲ့ အုပ်စု ပထမနေရာအတွက် ဆွစ်ဇာလန်ကို အနည်းဆုံးသရေကစားနိုင်ဖို့လိုအပ်မှာဖြစ်ပြီး ဆွစ်ဇာလန်ကိုရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ အုပ်စုဒုတိယနေရာရောက်သွားမှာပါ။
အုပ်စုတက်ပြီးသားဖြစ်ပေမဲ့ ပွဲစဉ်အားလုံး ကိုအနိုင်ရရှိချင်တာကြောင့် ပွဲထွက်လူစာရင်းကို အများကြီးပြောင်းလဲဖို့ မရှိကြောင်း နည်းပြနာဂယ်စ်မန်းက ပြောသွားပါတယ်။
ဂျာမနီအသင်းအနေနဲ့ အုပ်စုပထမနေရာရခဲ့မယ်ဆိုရင် ၁၆ သင်းအဆင့်မှာ အင်္ဂလန်၊ ဒိန်းမတ်၊ ဆလိုဗေးနီးယား၊ ဆားဘီးယားတို့ ပါဝင်တဲ့ အုပ်စု C က ဒုတိယရ အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။