Home
နိုင်ငံတကာ
ဘိုင်ဒန်အစိုးရ မူဝါဒသစ်အရ ရွှေ့ပြောင်းအခြေချသူများ ပြည်နှင်ဒဏ်ပေးခံရမှု ပိုများလာ
DVB
·
June 16, 2024
Photo - Reuters

ဘိုင်ဒန်အစိုးရရဲ့ မူဝါဒအသစ်ကြောင့် တရားမ၀င် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေအတွက် ခိုလှုံခွင့်တောင်းခံဖို့ ပိုခက်ခဲလာပြီးနောက်မှာ တရားမ၀င် ရွှေ့ပြောင်းသမားတွေကို အမေရိကန်-မက္ကဆီကိုနယ်စပ်ကို အမြန်လမ်းကြောင်းနဲ့ ပို့မှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကထက် နှစ်ဆ ပိုများလာတယ်လို့ အမေရိကန်နယ်စပ် တာဝန်ရှိသူတွေက ဇွန်လ ၁၂ ရက်မှာ ပြောပါတယ်။ 

သတင်းထောက်တွေဟာ ဇွန် ၁၃ ရက်မှာ အယ်လ်ပါဆိုလေဆိပ်ကို သွားရောက်ခဲ့ပြီး အမြန်ဖယ်ရှားရေးဘုတ်အဖွဲ့အောက်မှာ ဂွါတီမာလာကို ပို့ဆောင်မယ့် လေယာဉ်နားမှာ ရွှေ့ပြောင်းသမား ၁၀၄ ဦးကို တွေ့ရှိခဲ့ပါတယ်။

တချို့ရွှေ့ပြောင်းသူတွေဟာ သူတို့ရဲ့ ပထမဆုံး လေယာဉ်ခရီးစဉ်ဖြစ်လို့ ထိတ်လန့်နေကြတာကြောင့် သူတို့ကို သံကြိုးတွေနဲ့ ချည်နှောင်ထားပြီး တချို့ကလည်း အနှောင့်အယှက်တွေ ဖန်တီးနိုင်တယ်လို့ အမိမြေလုံခြုံရေး ဌာန (DHS) တာဝန်ရှိသူတွေက ပြောပါတယ်။ 

ရွှေ့ပြောင်းနေထိုင်သူတွေဟာ လေယာဉ်ပေါ်မှာ အစားအသောက် တကြိမ်၊ သို့မဟုတ် နှစ်ကြိမ် ရရှိကြပြီး သူတို့လိုအပ်နိုင်တဲ့ ဆေးဝါးတွေလည်း ရရှိပြီး လေယာဉ်ပေါ်မှ မဆင်းခင် သံကြိုးတွေကို ဖယ်ရှားပေးမယ့်အကြောင်း သူတို့က ပြောပါတယ်။ 

အယ်လ်ပါဆို နယ်မြေ နယ်ခြားစောင့်ရဲအရာရှိချုပ် အန်တိုနီဂွတ်က အမြန်ဖယ်ရှားမှုတွေကြောင့် ထွက်ပေါ်လာတဲ့ “အတားအဆီး အကျိုးသက်ရောက်မှု”၊ ရာဇ၀တ်အဖွဲ့အစည်းတွေက ရွှေ့ပြောင်း နေထိုင်သူတွေအပေါ် ခေါင်းပုံဖြတ်ခြင်းနဲ့ ပတ်သက်တဲ့ အမေရိကန် သတိပေးချက်တွေနဲ့ နယ်စပ်ဒေသမှာ အပူလွန်ကဲမှု သတိပေးချက်တွေကို ပြောပါတယ်။ 

အယ်လ်ပါဆိုရဲ့ အရှေ့မြောက်ဘက် သဲကန္တာရရှိ ရွှေ့ပြောင်းနေထိုင်မှုလုပ်ငန်းစဉ် အဆောက်အဦကို သွားရောက်ခဲ့ရာမှာ ရောက်ရှိလာသူအများစုဟာ သူတို့နိုင်ငံကို ပြန်ရရင် ဘာကြောင့် ကြောက်ရွံ့နေရတယ် ဆိုတာကို ဖော်ပြရာမှာ လိုအပ်တဲ့ သတ်မှတ်ချက် အသစ်နဲ့ မကိုက်ညီတာကြောင့် အမြန်ပြန်ပို့ခံရတာကို ကြုံတွေ့ရကြောင်း ထုတ်ဖော် ပြောကြားကြပါတယ်။ 

နယ်စပ်တလျှောက်ရှိ ကျယ်ဝန်းတဲ့မြေဧရိယာမှာ အဆောက်အဦ ၁၁ လုံးရှိပြီး ရွှေ့ပြောင်း ဝင်ရောက်လာသူတွေကို စီမံဆောင်ရွက်နိုင်မှုနဲ့ ပြန်ပို့ဆောင်ရေး လုပ်ငန်းစဉ်တွေကို ပိုကောင်းအောင် လုပ်ဆောင်နိုင်စွမ်း ရှိကြပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024