Home
မြန်မာသတင်း
မြဝတီခရိုင်တွင် ဆာတောနော် အထက်တန်းကျောင်းနှင့် အခမဲ့ ဘော်ဒါဆောင်ဖွင့်လှစ်  
DVB
·
June 11, 2024
Photo -DVB

 ကရင်လူငယ်တွေရဲ့ အနာဂတ်ပညာရေးအတွက်ရည်ရွယ်တဲ့ “ဆာတောနော် အထက်တန်း ကျောင်း”နဲ့ အခမဲ့ဘော်ဒါဆောင်အသစ်ဖွင့်ပွဲကို    ကရင်ပြည်နယ် ဒေါနတောင်အရှေ့ မြဝတီခရိုင် မြောက်ဘက်ရှိ သစ်ကတေကျေးရွာမှာ ဇွန် ၁၀ ရက်မနက်က ကျင်းပပါတယ်။

အဆင်မြင့်စာသင်ကျောင်းနဲ့ ဘော်ဒါဆောင်ဖွင့်လှစ်နိုင်ရေးအတွက် စေတနာအလှူရှင်အဖြစ် ကရင်တိုင်းရင်းသား  စောတင်ဝင်းနဲ့ ဇနီးနန်းမြင့်မြင့်ဝင်းတို့ မိသားစုက ငွေအား လူအားနဲ့ ဦးဆောင် ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ကျောင်းဝင်းအကျယ်အဝန်းကတော့ အလျားပေ ၄၀၀၊ အနံပေ ၃၈၀ (မြေ ၃ ဧကခွဲ) မှာ နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်ထားပြီး ထိုင်းဘတ် ၂၈,၀၀၀,၀၀၀ ကုန်ကျစရိတ် ရှိပါတယ်။

ကျောင်းကုန်ကျစရိတ်ကို မြန်မာနိုင်ငံ စစ်ကောင်စီနဲ့ ပညာရေးဝန်ကြီးဌာနက ကူညီပံ့ပိုးမှုမရှိဘူးလို့  စာသင်ကျောင်းနဲ့ နီးစပ်သူက ပြောပါတယ်။

၂၀၂၄-၂၅ ပညာသင်နှစ်မှာ  ကျောင်းသားကျောင်သူ အယောက်  ၄၀၀ လောက်ကို ထိုင်းနိုင်ငံရဲ့ ပညာရေးစနစ်အတိုင်း  မူကြိုမှာ ၁၂ တန်းထိ ပညာသင်ကြားပေးမှာဖြစ်သလို နိုင်ငံတကာတက္ကသိုလ်တွေမှာ ကျောင်းဆက်တက်နိုင်ဖို့ GED  ပညာရေးကိုလည်း သင်ကြားပေးဖို့ ရှိပါတယ်။

လိုအပ်တဲ့ကျောင်းသားတွေကို အခမဲ့ ဘော်ဒါဆောင်မှာနေထိုင်ခွင့်ပေးမှာဖြစ်တဲ့အပြင် စားရေးသောက်ရေးပါ ကျွေးမွေး ဝန်ဆောင်မှုပေးမယ်လို့ သိရပါတယ်။

ကျောင်းသားမိဘတဦးကတော့ ရင်သွေးငယ်တွေကို မြို့ထဲမှာကျောင်းမထားနိုင်ပေမဲ့ ဆာတောနော်ကျောင်းက သင်ကြားရေးစနစ်ကောင်းတဲ့သတင်းထွက်ပေါ်လာလို့ ဒီကျောင်းမှာ လာရောက်အပ်ရတာလို့ ပြောပါတယ်။

ကျောင်းသားလူငယ်တဦးကတော့ မိမိနိုင်ငံအရေးနဲ့ ကရင်ပြည်နယ်အတွက် ပြန်လည်ဖွင့်ဖြိုးရေးအတွက် စာကြိုးစားသင်ယူသွားမယ်လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းနောက်ပိုင်း မြန်မာပြည်တွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး တွေအားလုံး ပျက်စီးသွားပြီး စာသင်ကျောင်းတွေ၊ ဆေးခန်းဆေးရုံတွေလည်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013