စင်ကာပူလေကြာင်းလိုင်းက ပြီးခဲ့တဲ့လက ဖြစ်ပျက်ခဲ့တဲ့ အရေးပေါ်ဆင်းသက်ခဲ့ရမှုမှာ ပါဝင်တဲ့ ခရီးသွားတွေကို လျော်ကြေးပေးဖို့ ကမ်းလှမ်းထားပါတယ်။
လေကြောင်းမငြိမ်သက်မှုကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရမှုမှာ လူတဦးသေဆုံးပြီး လူတဒါဇင်ကျော် ဒဏ်ရာရခဲ့မှုအတွက် စင်ကာပူလေကြောင်းလိုင်းက လျော်ကြေးပေးမှာ ဖြစ်ပါတယ်။
မစိုးရိမ်ရတဲ့ ဒဏ်ရာအတွက် ဒေါ်လာ ၁၀,၀၀၀ ပေးမှာဖြစ်ပြီး ပြင်းထန်တဲ့ဒဏ်ရာအတွက် အထူးကုတွေနဲ့ ဆွေးနွေးပြီး လျော်ကြေးပေးမယ်လို့ လေကြောင်းလိုင်းက ဆိုပါတယ်။
“ပြင်းထန်တဲ့ဒဏ်ရာအတွက် အချိန်ပေးကုရမှာဖြစ်လို့ ဒေါ်လာ ၂၅,၀၀၀ ပေးဖို့ ကမ်းလှမ်းထားပါတယ်” လို့ စင်ကာပူလေကြောင်းလိုင်းက ပြောပါတယ်။
လေယာဥ်အရေးပေါ်ဆင်းသက်ရခြင်းကြောင့် အသက် ၇၃ နှစ်အရွယ် ခရီးသည်တဦး နှလုံးရောဂါနဲ့ သေဆုံးခဲ့ရပါတယ်။
SQ321 လေယာဥ်ဟာ လန်ဒန်မြို့ကနေ စင်ကာပူခရီးစဥ်သွားရာ မြန်မာနိုင်ငံကို ဖြတ်သန်းတဲ့အချိန်မှာ လေထုမငြိမ်သက်တာကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အရေးပေါ် ဆင်းသက်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေကို ဘန်ကောက်မြို့ ဆေးရုံတခုမှာ ကုသမှု ပေးခဲ့ရပါတယ်။
စင်ကာပူလေကြောင်းလိုင်းက ခရီးသည်တိုင်းကို လေယာဥ်ခ ပြန်လည်ပေးအပ်သွားမှာဖြစ်ပြီး ဥရောပရဲ့ စည်းမျဥ်းတွေကြောင့် လျော်ကြေးငွေပေးချေမှု နှောင့်နှေးရတာဖြစ်ကြောင်း ပြောပါတယ်။
လေယာဥ်စီးခရီးသည် ၂၁၁ ဦးပါဝင်ပြီး သြစေတြးလျ နိုင်ငံသား အများစုပါဝင်ပြီး ဗြိတိန်နဲ့ စင်ကာပူနိုင်ငံသားတွေနဲ့ လေယာဥ်ဝန်ထမ်း ၁၈ ဦး ပါဝင်ခဲ့ပါတယ်။
Source-Reuters