မာလာဝီဒုတိယသမ္မတ ဆော်လို့စ် ချီလီမာအပါအဝင် ၁၀ ဦး သယ်ဆောင်လာတဲ့ လေယာဉ်ဟာ ပျောက်ဆုံးသွားတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မာလာဝီ တပ်မတော်လေယာဉ်ဟာ မြို့တော် လာလန်ဂွေက တနင်္လာနေ့ မနက်ပိုင်းမှာ ထွက်ခွာခဲ့ပြီးနောက် ရေဒါထဲက ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။
သမ္မတကတော့ လေယာဉ်ကို မတွေ့မချင်း ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ဖို့ အမိန့်ပေးထားပါတယ်။
လေယာဉ် ဘာကြောင့် ရေဒါထဲက ပျောက်သွားရတယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒုတိယသမ္မတ ချီလီမာဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းတဦးရဲ့ စျာပနအခမ်းအနားကို အစိုးရကိုယ်စား တက်ရောက်ဖို့ သွားတာဖြစ်ပါတယ်။
ချီလီမာဟာ ယူနီလီဗာနဲ့ ကိုကာကိုလာလို နိုင်ငံစုံကုမ္ပဏီကြီးတွေမှာ အဓိကခေါင်းဆောင်ပိုင်း ရာထူးတွေ ယူခဲ့ဖူးသူဖြစ်ပါတယ်။
အသက် ၅၁ နှစ်ပဲရှိသေးတဲ့ ဒုတိယသမ္မတဟာ ပါရဂူဘွဲ့ရ ပုဂ္ဂိုလ်လည်းဖြစ်ပြီး လာမယ့်နှစ် ရွေးကောက်ပွဲမှာ သမ္မတနေရာဝင်ပြိုင်ဖို့ တစ်ပေးခံရသူဖြစ်ပါတယ်။
၂၀၂၂ တုန်းက အစိုးရကန်ထရိုက်တွေပေးရာမှာ လာဘ်ယူခဲ့တယ်လို့ စွပ်စွဲခံရပြီး အဖမ်းခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ စွဲချက်တွေ ပြန်ရုပ်သိမ်းပြီး ပြန်လွတ်လာခဲ့သူ ဖြစ်ပါတယ်။
Source-Reuters