ဂါဇာအပစ်အခတ်ရပ်စဲမှုကို ထိန်းသိမ်းပေးဖို့ လိုအပ်လာရင် အင်ဒိုနီးရှားက ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ စေလွှတ်ဖို့ဆန္ဒရှိတယ်လို့ သမ္မတအဖြစ် ရွေးကောက်ခံထားရသူ ပရာဘိုဝိုဆူဘီယန်တိုက ဇွန် ၁ ရက်မှာ ပြောပါတယ်။
စင်ကာပူမှာ ကျင်းပနေတဲ့ ကာကွယ်ရေးဝန်ကြီးတွေ တက်ရောက်ကြတဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ခ် လုံခြုံရေးဆွေးနွေးပွဲမှာ ပရာဘိုဝိုက အခုလို အဆိုပြုခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အဆင့်သုံးဆင့်ပါ ဂါဇာအပစ်ရပ်ရေး အဆိုပြုချက်ဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေကြောင်းလည်း မှတ်ချက်ပေးခဲ့ပါတယ်။
ရာဖာဧရိယာက အဖြစ်ဆိုးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးဖို့ လိုကြောင်း ပရာဘိုဝိုက ပြောကြားခဲ့ပါတယ်။
အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အထူးတပ်ဖွဲ့ တပ်မှူးဟောင်းဟာ လက်ရှိမှာ အင်ဒိုကာကွယ်ရေးဝန်ကြီး တာဝန်ယူထားဆဲဖြစ်ပြီး လာမယ့် အောက်တိုဘာလမှာမှ သမ္မတသစ်အဖြစ် ကျမ်းကျိန်ရမှာ ဖြစ်ပါတယ်။
Source-Reuters