Home
နိုင်ငံတကာ
မြောက်ကိုရီးယား မိုးပျံဘောလုံးများကို သတိထားရန် တောင်ကိုရီးယား သတိပေး
DVB
·
May 29, 2024
South Korea on alert for balloons dropping rubbish from North Korea

မြောက်ကိုရီးယားဘက်ကနေ လွှတ်တင်လိုက်တဲ့ မိုးပျံဘောလုံးတွေကို သတိထားကြဖို့ မြောက်ကိုရီးယားနယ်စပ်နားမှာ နေကြတဲ့ ဒေသခံတွေကို တောင်ကိုရီးယားစစ်တပ်က မေ ၂၉ ရက်မှာ သတိပေးလိုက်ပါတယ်။

အမှိုက်နဲ့ မစင်တွေလို အညစ်အကြေးတွေ ဖြစ်ပုံရတဲ့ အရာအမျိုးမျိုးကို ပလတ်စတစ်အိတ်တွေနဲ့ ထုပ်ပိုးသယ်လာတဲ့ လေလျော့နေတဲ့ မိုးပျံဘောလုံးတွေကို ထောက်လှမ်းတွေ့ရှိရအပြီး ဓာတ်ပုံတွေကို တောင်ကိုရီးယားစစ်တပ်က ဖြန့်ချိခဲ့ပါတယ်။

မြောက်ကိုရီးယား ဆပ်ပြာစက်ရုံရဲ့ နာမည်ပါတဲ့ ပုလင်းခွံတွေကို အမှိုက်တွေထဲမှာ တွေ့ရပြီး လေလျော့နေတဲ့ မိုးပျံဘောလုံးတွေ မြေပေါ်မှာ ပြန့်ကျဲနေတာပါ။

ဗုဒ္ဓဟူးနေ့မှာ မိုးပျံဘောလုံး ၉၀ ကျော်ကို ထောက်လှမ်းတွေ့ရှိခဲ့ပြီး တချို့က မြေပေါ်ရောက်နေပြီဖြစ်ပေမဲ့ တချို့က လေထဲမှာ ပျံနေဆဲလို့ စစ်ဘက်ရင်းမြစ်ကို ကိုးကားပြီး တောင်ကိုရီးယားအခြေစိုက် ယုံဟပ် သတင်းဌာနက ဖော်ပြပါတယ်။

ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အားကောင်းတဲ့ စွမ်းအင်ကို ကျင့်သုံးမယ်လို့ မြောက်ကိုရီးယား ကာကွယ်ရေး ဒုဝန်ကြီးက မေ ၂၆ ရက်မှာ ကြေညာချက် ထုတ်ပြန်အပြီး ခုလို လွှင့်တင်ခဲ့တာပါ။

အိမ်သာသုံးစက္ကူတွေနဲ့ အညစ်အကြေးတွေလို ညစ်ပတ်တဲ့ အရာတွေကို မြောက်ကိုရီးယားဆီ တောင်ကိုရီးယားဘက်ကနေ လွှတ်တင်နေတာတွေအတွက် သတိပေးလိုက်တယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

တောင်ကိုရီးယားဟာ ဝါဒဖြန့် စာစောင်တွေ၊ ရုပ်ရှင်တွေကို မိုးပျံဘောလုံးမှာ ချည်နှောင်ပြီး မြောက်ကိုရီးယားကို ပုံမှန် လွှတ်တင်ခဲ့ဖူးပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013