အိန္ဒိယနိုင်ငံ၊ မဟာရက်ရ်ှတြာပြည်နယ်ရှိ ဓာတုစက်ရုံတခုမှာဖြစ်ပွားခဲ့တဲ့ ဘွိုင်လာ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသူ နောက်ထပ် ၃ ဦးရဲ့ ရုပ်အလောင်းတွေကို မေ ၂၄ ရက် သောကြာနေ့ မနက်ပိုင်းမှာ ကယ်ဆယ်ရေးဝန်ထမ်းတွေက ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။
မေလ ၂၃ ရက်ကဖြစ်ပွားခဲ့တဲ့ ဘွိုင်လာပေါက်ကွဲမှုကြောင့် ရုပ်အလောင်း ၅ ခုကို ကြာသပတေးနေ့မှာရှာတွေ့ရှိခဲ့ပြီး နောက်တနေ့ သောကြာနေ့ မနက်ပိုင်းမှာ နောက်ထပ် ရုပ်အလောင်း ၃ ခုကို ပြန်လည်တွေ့ရှိခဲ့လို့ သေဆုံးသူစုစုပေါင်း အနည်းဆုံး ၈ ဦးထက်မနည်းရှိသွားပြီဖြစ်ပြီး ဒဏ်ရာရသူတွေလည်း ဒါဇင်နဲ့ချီရှိတယ်လို့ ဒေသတွင်း မီဒီယာက ဖော်ပြပါတယ်။
ပေါက်ကွဲမှုအပြီး မေ ၂၄ ရက်မှာ အမျိုးသား သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့မှ ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ မီးလောင်နေတဲ့ အဆောက်အအုံ အပျက်အစီးတွေအောက်ရှိ ရုပ်အလောင်းတွေကို ရှာဖွေနေခဲ့ပြီး အများအပြား လောင်ကျွမ်းနေဆဲ ဖြစ်ပါတယ်။
ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ အတည်မပြုနိုင်သေးပါဘူး။ အိန္ဒိယနိုင်ငံမှာ စက်မှုလုပ်ငန်း မတော်တဆမှုတွေ အဖြစ်များပြီး ဘေးကင်းရေး စံနှုန်းတွေကို ချိုးဖောက်တဲ့သူတွေနဲ့ အစိုးရအရာရှိတွေရဲ့ စစ်ဆေးရေး ပေါ့လျော့မှုတွေအပေါ် အပြစ်တင်ကြလေ့ ရှိပါတယ်။
Source/Photo - Reuters