Home
နိုင်ငံတကာ
ဂါဇာကို လူသားချင်းစာနာအကူအညီ မက်ထရစ်တန် ၅၀၀ ကျော် ပို့ဆောင်
DVB
·
May 21, 2024
Trucks deliver humanitarian aid over a temporary pier on the Gaza coast

ဂါဇာကမ်းမြောင်ကို လူသားချင်းစာနာထောက်ထားမှု အကူအညီ ၅၆၉ မက်ထရစ်တန်ကျော်ကို ယာယီဆိပ်ခံလမ်းကြောင်းကနေ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပေမဲ့ သိုလှောင်ရုံတွေဆီ အကူအညီပစ္စည်းအားလုံး မရောက်ရှိသေးကြောင်း အမေရိကန် ဗဟိုဌာနချုပ် (CENTCOM) က အင်္ဂါနေ့မှာ ပြောပါတယ်။

အစ္စရေးဟာ ဝိုင်းရံပိတ်ဆို့ထားတဲ့ ကမ်းရိုးတန်းနယ်မြေအတွင်းကို ထောက်ပံ့ရေးပစ္စည်းတွေ ပိုမိုခွင့်ပြုပေးဖို့ ကြီးထွားလာနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ဖိအားအောက်မှာ ရင်ဆိုင်နေရတာကြောင့် ကယ်ဆယ်ရေးပစ္စည်း ပေးပို့မှုတွေဟာ သောကြာနေ့မှာ အမေရိကန် ဆောက်လုပ်ထားတဲ့ ဆိပ်ခံနေရာကို စတင်ရောက်ရှိလာပါတယ်။

ဂါဇာဒေသ ဒေရ် အယ်လ်ဘာလာမြို့ရှိ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် ဂိုဒေါင်တခုမှာ UN ကန်ထရိုက်တာတွေ ဆိပ်ခံနေရာကနေ သယ်ယူထားတဲ့ စားနပ်ရိက္ခာအကူအညီ ထရပ်ကား ၁၀ စီးကို သောကြာနေ့မှာ လက်ခံရရှိထားကြောင်း UN က ပြောပါတယ်။

ဒါပေမဲ့လည်း လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ရရှိဖို့ ခက်ခဲတယ်လို့ ကုလအရာရှိတဦး ပြောဆိုထားတဲ့ ဧရိယာတလျှောက် ခရီးစဉ်အတွင်း ထရပ်ကား ၁၁ စီးကို ပါလက်စတိုင်းတွေက ရှင်းလင်းခဲ့ပြီးနောက် စနေနေ့မှာတော့ ဂိုဒေါင်ကို ထရပ်ကား ၅ စီးသာ ရောက်ရှိလာခဲ့တာပါ။

တနင်္ဂနွေ သို့မဟုတ် တနင်္လာနေ့မှာ ကုလသမဂ္ဂဟာ ဆိပ်ခံလမ်းကြောင်းကနေ ဘာအကူအညီကိုမှ မရရှိခဲ့ပါဘူး။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024