Home
နိုင်ငံတကာ
ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားသည့် အီရန်သမ္မတနေရာ၌ ကြားဖြတ်သမ္မတ ခန့်အပ်
DVB
·
May 20, 2024
Mohammad Mokhber_20052024

အီရန်ရဲ့ ဩဇာအကြီးဆုံး ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမေနီက မိုဟမ်မဒ် မွတ်ခ်ဘာကို ကြားဖြတ်သမ္မတအဖြစ် မေ ၂၀ ရက်မှာ ခန့်အပ်ခဲ့ပြီး သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး သေဆုံးမှုအတွက် ၅ ရက်ကြာ ဝမ်းနည်းခြင်းကာလကို ကြေညာခဲ့ပါတယ်။

မွတ်ခ်ဘာဟာ ရိုင်စီလိုပဲ ခါမေနီနဲ့ နီးစပ်သူလို့ ရှုမြင်ခံရသူဖြစ်ပါတယ်။ ကွယ်လွန်သူ သမ္မတ ရိုင်စီကို ဆက်ခံသူကို ရွေးဖို့ သမ္မတရွေးကောက်ပွဲ ကျင်းပနိုင်ရေး အီရန်အစိုးရမှာ အများဆုံးအနေနဲ့ ရက် ၅၀ အချိန်ရထားပါတယ်။

အီရန်အခြေခံဥပဒေအရ ဒုသမ္မတ (ပထမ) ပါဝင်တဲ့ ကောင်စီ၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ တရားစီရင်ရေး အကြီးအကဲတို့ဟာ သမ္မတအသစ်ကို ရွေးကောက်တင်မြှောက်ဖို့ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

အီရန်သမ္မတ အီဘရာဟင်မ် ရိုင်စီနဲ့ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ အတူလိုက်ပါလာတဲ့ ရဟတ်ယာဉ် ပျက်ကျသေဆုံးသွားတဲ့ နေရာကို တူရကီဒရုန်းတစီးက ရှာဖွေတွေ့ရှိခဲ့တယ်လို့ အီရန်ရဲ့ မဲ့ရ်သတင်းဌာနက မေ ၂၀ ရက်မှာ ပြောပါတယ်။

ဆိုးရွားတဲ့ ရာသီဥတု အခြေအနေတွေကြောင့် ရဟတ်ယာဉ် ပျက်ကျတာလို့ အီရန်အစိုးရ ရုပ်သံက ပြောပါတယ်။

Flightradar24.comရဲ့ တိုက်ရိုက်ခြေရာခံမြေပုံထဲမှာ တူရကီရဲ့ AKINCI01 ဒရုန်းယာဉ်ဟာ မေ ၁၉ ရက်မှာ ရဟတ်ယာဉ်ပျက်ကျခဲ့တယ်လို့ ယုံကြည်ရတဲ့ နေရာကို လှည့်ပတ်ပြသခဲ့ပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကူညီဖို့ တူရကီက ဒရုန်းကို စေလွှတ်ခဲ့တာပါ။

ရဟတ်ယာဉ်ဟာ မြူထူထပ်တဲ့ တောင်ကုန်းမြေပြင်ကို ဖြတ်ကျော်နေချိန် ပျက်ကျခဲ့တာလို့ အီရန်အရာရှိတဦးက တနင်္လာနေ့မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

Source/Photo-Majid Asgaripour/WANA via REUTERS

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013