Home
နိုင်ငံတကာ
ဗီယက်နမ်သမ္မတအဖြစ် ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီးလမ် ကို ခန့်အပ်
DVB
·
May 20, 2024
Vietnam_20052024

ဗီယက်နမ်ကွန်မြူနစ်ပါတီက ရဲတပ်ဖွဲ့ဝန်ကြီး တိုလမ်ကို နိုင်ငံတော်သမ္မတအဖြစ် ခန့်အပ်လိုက်တယ်လို့ ဗီယက်နမ်အစိုးရက မေ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။

လာမယ့်သီတင်းပတ်မှာ လွှတ်တော်ကနေ အတည်ပြုချက် ရယူပြီးတဲ့နောက် အသက် ၆၆ နှစ်အရွယ် ဗိုလ်ချုပ်ကြီးလမ်ဟာ သမ္မတဖြစ်လာမှာပါ။

ရာထူးခန့်အပ်ခံရပြီး တနှစ်ကျော်အကြာ ပါတီစည်းမျဥ်းစည်းကမ်းတွေကို ဖောက်ဖျက်တယ်လို့ စွပ်စွဲခံရပြီးတဲ့နောက် မတ်လမှာ ရာထူးကနေ နုတ်ထွက်ခဲ့တဲ့ ဗိုဗန်သွမ်ရဲ့ နေရာမှာ အသက် ၆၆ နှစ်အရွယ် ဗိုလ်ချုပ်ကြီးလမ်က အစားထိုး တာဝန်ထမ်းဆောင်မှာပါ။

နိုင်ငံတွင်း အာဏာအရှိဆုံး ပုဂ္ဂိုလ်တွေထဲက တဦးအဖြစ် သတ်မှတ်ခံထားရတဲ့ လမ်ကို အခုသီတင်းပတ် အစောပိုင်းမှာ ပါတီဗဟိုကော်မတီက ရွေးချယ်ခဲ့ပေမဲ့ အာဏာပိုင်တွေနဲ့ နိုင်ငံပိုင်မီဒီယာတွေက စနေနေ့မှာမှ ဖော်ပြခဲ့ကြပါတယ်။

သမ္မတရာထူးဟာ ကြီးမားတဲ့ အခမ်းအနားတာဝန်ကို ထမ်းဆောင်ပေမဲ့ ထိပ်တန်းနိုင်ငံရေးရာထူး ၄ ခုထဲက တခုဖြစ်ပါတယ်။ ကျန်တာကတော့ ပါတီအကြီးအကဲ၊ ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌတွေပါ။

သူ့ကို ရာထူးခန့်အပ်မှုဟာ ၂၀၂၆ ခုနှစ်မှာ လက်ရှိခေါင်းဆောင် ရာထူးသက်တမ်း ကုန်ဆုံးချိန်မှာ ပါတီအကြီးအကဲဖြစ်လာဖို့ ဖြစ်နိုင်ခြေရှိတဲ့ ခြေလှမ်းအဖြစ် အကဲခတ် အများအပြားက ရှုမြင်ကြပါတယ်။

အဓိကခေါင်းဆောင်မှု အပြောင်းအလဲအတွင်း လွှတ်တော်ဥက္ကဋ္ဌအသစ်အဖြစ် ချန်ထိုင်းမန်းကို အမည်စာရင်း တင်သွင်းခဲ့ပါတယ်။

တချိန်က တည်ငြိမ်တဲ့ နိုင်ငံရေးကြောင့် လူသိများတဲ့ တပါတီစနစ်နဲ့အုပ်ချုပ်တဲ့ နိုင်ငံအတွက် မကြုံစဘူး အချိန် ၁၈ လမပြည့်မီ နိုင်ငံတော်သမ္မတ ၂ ဦးနဲ့  လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးတို့က အတိအကျ မဖော်ပြထားတဲ့ အမှားတွေအတွက်  ရာထူးကနေ နုတ်ထွက်ခဲ့ကြတာပါ။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ စိတ်မပျက်စေတဲ့ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးကြောင့် ဗျူရိုကရေစီစနစ်အပေါ် အကျိုးသက်ရောက်မှုလည်း ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013