Home
သတင်းဓာတ်ပုံ
၄ နှစ်ဆက်တိုက် ချန်ပီယံဖြစ်သည့် ပထမဆုံးအင်္ဂလန်အသင်းအဖြစ် မန်စီးတီး စံချိန်သစ်တင်
DVB
·
May 20, 2024
ManCti1_20052024
ManCti_20052024
ManCti10_20052024
ManCti9_20052024
ManCti8_20052024
ManCti7_20052024
ManCti6_20052024
ManCti5_20052024
ManCti4_20052024
ManCti3_20052024

မန်စီးတီးအသင်းဟာ မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာ ဝက်စ်ဟမ်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီးနောက် လေးနှစ်ဆက်တိုက် ချန်ပီယံဆုဖလားရရှိတဲ့ ပထမဆုံးအင်္ဂလန်အသင်းအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒုတိယနေရာက အာဆင်နယ်ကို ၂ မှတ်အသာနဲ့  ၂၀၂၀-၂၀၂၁ ဘောလုံးရာသီကနေ စတင်ပြီး  အခုနှစ်ရာသီအထိ လေးနှစ် ဆက်တိုက်ချန်ပီယံဖြစ်ခဲ့တာပါ။

ပရီးမီးယားလိဂ်သမိုင်းတလျှောက်မှာ မန်ယူအသင်းက ၃ နှစ်ဆက်တိုက်ချန်ပီယံ ၂ ကြိမ် ရယူ နိုင်ခဲ့ဖူးပြီး အဲဒီမှတ်တမ်းကို မန်စီးတီးက ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ။

တိုက်စစ်မှူး အာလင်းဟာလန်းက သွင်းဂိုး ၂၇ ဂိုးနဲ့ ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုရရှိခဲ့ပြီး ကွင်းလယ် ကစားသမား ဖီးလ်ဖိုဒမ်က တနှစ်တာအကောင်းဆုံးကစားသမားဆုရရှိခဲ့ပါတယ်။

မန်စီးတီးအသင်းမှာဆက်ရှိဖို့ထက် ထွက်ခွါဖို့က ပိုမိုနီးစပ်လာပြီဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက သူ့အနာဂတ်နဲ့ ပတ်သက်လို့ စကိုင်းစပေါ့က မေးမြန်းခဲ့ရာမှာ  ပြောသွားပါတယ်။

စပိန်နည်းပြပတ်ဂွါဒီယိုလာဟာ ၂၀၁၆ ခုနှစ်ကတည်းက မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ ၆ ကြိမ်အထိရယူနိုင်ခဲ့ပါတယ်။

လာမယ့်ရာသီအထိ အသင်းမှာဆက်ရှိနေမှာဖြစ်ပေမဲ့ လာမယ့်နှစ်အတွင်းမှာ အသင်းနဲ့ အနာဂတ်ကိစ္စ ဆွေးနွေးသွားဖို့ရှိကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။

နည်းပြဂွါဒီယိုလာဟာ လာမယ့်နှစ်အထိ မန်စီးတီးကို တာဝန်ယူကိုင်တွယ်ပြီးနောက် နိုင်ငံ့လက်ရွေးစင်အသင်းတသင်းကို တာဝန်ယူဖွယ်ရှိတယ်လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။

Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013