အိန္ဒိယနိုင်ငံတောင်ပိုင်း မီးရှူးမီးပန်းစက်ရုံမှာ ဖြစ်ပွားခဲ့တဲ့ လူအသေအပျောက်များတဲ့ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အိန္ဒိယ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။
အိန္ဒိယတောင်ပိုင်း တမီလ်နာဒူးပြည်နယ်၊ ဗီရူဒူနာဂါမြို့ရှိ မီးရှူးမီးပန်းစက်ရုံမှာ မေ ၉ ရက် ကြာသပတေးနေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ကာ ဒီဘေးအန္တရာယ်အတွက် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေက တုံ့ပြန်ဆောင်ရွက်ခဲ့ကြကြောင်း ဒေသတွင်း မီဒီယာက ပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာတော့ အပျက်အစီးတွေ ပြန့်ကျဲနေကာ မြေပြင်ပေါ်မှာလည်း မီးရှူးမီးပန်း အကြွင်းအကျန်တွေ ပြန့်ကျဲနေပါတယ်။
မီးသတ်သမားတွေဟာ နောက်ထပ် ပျက်စီးမှု မဖြစ်စေဖို့ ပူလောင်နေသေးတဲ့ အပျက်အစီးတွေပေါ်ကို ရေဖြန်းနေတာကိုလည်း ဗီဒီယိုထဲမှာ မြင်တွေ့ရပါတယ်။ ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။
ဒီဖြစ်ရပ်စာ အိန္ဒိယနိုင်ငံမှာ စက်မှုလုပ်ငန်းဘေးကင်းရေးနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေကို မီးမောင်းထိုးပြခဲ့ကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
Source/Photo - Reuters