Home
နိုင်ငံတကာ
တရုတ်အင်ဂျင်နီယာ ၅ ဦး ဗုံးကွဲသေဆုံးမှု အာဖဂန်လက်ချက်ဟု ပါကစ္စတန်ပြော
DVB
·
May 9, 2024
Pakistan_09052024

ပါကစ္စတန်နိုင်ငံမှာ မတ်လက တရုတ်အင်ဂျင်နီယာ ၅ ဦး သေဆုံးခဲ့ရတဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုဟာ အိမ်နီးချင်း အာဖဂန်နစ္စတန်မှာလုပ်ဖို့ စီစဉ်ထားတာဖြစ်ပြီး ဗုံးခွဲသူမှာလည်း အာဖဂန်အမျိုးသားတဦးသာ ဖြစ်တယ်လို့ ပါကစ္စတန်စစ်တပ်က မေ ၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

တိုက်ခိုက်မှုမှာ အသုံးပြုတဲ့ ကားကိုလည်း အာဖဂန်နစ္စတန်မှာ ပြင်ဆင်ထားတယ်လို့ ပါကစ္စတန် စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အာမဒ်ရှာရစ်ဖှ်က ရာဝလ်ပင်ဒီမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

တရုတ် အင်ဂျင်နီယာတွေကို ပစ်မှတ်ထားတဲ့ ကြံစည်မှုမှာ အဓိကသံသယရှိသူ ၄ ဦးကို ဖမ်းဆီးထားတယ်လို့ ရှာရစ်ဖ်က ပြောပါတယ်။ 

၂၀၂၄ ခုနှစ် မတ် ၂၆ ရက်က ပါကစ္စတန်အနောက်မြောက်ပိုင်းရှိ ခိုက်ဘာပက်တွန်ခွာပြည်နယ် ဘိရှန်းဒေသရှိ ဒါဆူ ရေကာတာစီမံကိန်းအတွက် အလုပ်လုပ်နေတဲ့ တရုတ်အင်ဂျင်နီယာတွေရဲ့ ယာဉ်တန်းကို အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ရာမှာ  လူ ၆ ဦး သေဆုံးခဲ့တာပါ။ 

တိုက်ခိုက်မှုမှာ တရုတ် ၅ ဦးနဲ့ ပါကစ္စတန်နိုင်ငံသား တဦး သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ဆက်စပ်နေတဲ့ အာဖဂန်နစ္စတန်ကိုလည်း ခြေရာခံခဲ့ရာမှာ အာဖဂန်နစ္စတန်မှာလည်း တိုက်ခိုက်မှု လုပ်ဖို့ စီစဉ်ထားပြီး စစ်သွေးကြွတွေကို အာဖဂန်နစ္စတန်မှလည်း ထိန်းချုပ်ထားတယ်လို့ ဗိုလ်မှူးချုပ် ရှာရစ်ဖှ်က ပြောပါတယ်။

မကြာသေးမီ လတွေအတွင်းမှာ  ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ကြား အစ္စလာမ်မာဘတ်နဲ့ ဆက်ဆံရေး ယိုယွင်းလာခဲ့ပြီး ကဘူးလ်ရှိ တာလီဘန်တွေ ဦးစီးတဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ပါကစ္စတန်ကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်သွေးကြွအုပ်စုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှု မရှိဘူးလို့ ပြောဆိုပါတယ်။ 

အာဖဂန်နစ္စတန်ရဲ့ တာလီဘန်အစိုးရအဖွဲ့ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခြင်း မရှိပါဘူး။ 

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013