စပိန်ထိပ်သီး ရီးရဲလ်မက်ဒစ်ရစ် အသင်းဟာ ဒီမနက်အစောပိုင်းကန်သွားတဲ့ ဥရောပချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဂျာမန်ကလပ် ဘိုင်ယန်မြူနစ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ ဂျာမနီအဝေးကွင်းပွဲစဉ်မှာ ဘိုင်ယန်မြူနစ်နဲ့ တဖက် ၂ ဂိုးစီ သရေကျခဲ့ပြီး အခုပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၄ ဂိုး ၃ ဂိုး ရလဒ်နဲ့ နောက်ဆုံး ဗိုလ်လုပွဲကို တက်ရောက်သွားတာပါ။
ဥရောပချန်ပီယံဆုဖလားကို ၁၄ ကြိမ်တိုင် ဆွတ်ခူးထားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့် ဇွန် ၁ ရက်နေ့ အင်္ဂလန် ဝင်ဘလေကွင်းကြီးမှာ ဂျာမန်ကလပ် ဒေါ့မွန်းနဲ့ နောက်ဆုံး ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ဒေါ့မွန်းအသင်းကတော့ မနေ့က ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ပြင်သစ်ချန်ပီယံ PSG အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရပြီး အိမ်ကွင်း အဝေးကွင်း နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး ၀ နဲ့ ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာပါ။
Source/Photo - Reuters