ဂျေဒန်ဆန်ချိုအနေနဲ့ မန်ယူအသင်းကနေ ထွက်ခွါလာခဲ့တာက မှန်ကန်ခဲ့ကြောင်း ဒေါ့မွန်အားကစား ဒါရိုက်တာဆီဘက်စတီယန်ခဲလ်က ပြောပါတယ်။
အင်္ဂလန်တောင်ပံကစားသမားဟာ မန်ယူနည်းပြ တန်ဟတ်ဂ်နဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် ဘောလုံးကစားခွင့်ပိတ်ပင်ခံခဲ့ရပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းဟောင်း ဒေါ့မွန်ဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
သူဟာ ဒေါ့မွန်မှာ ခြေစွမ်းကောင်းပြသနေပြီး အသင်းကို ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်အောင်စွမ်း ဆောင်နိုင်ခဲ့တာပါ။
ဒေါ့မွန်အားကစားဒါရိုက်တာ ခဲလ်ကတော့ ဆန်ချိုဟာ မန်ယူအသင်းကနေ ထွက်ခွာလာတဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့ကြောင်း၊ ဆန်ချိုရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ရာသီကုန်ဆုံး ချိန်ရောက်မှ သိရရှိရနိုင်ကြောင်း ပြောပါတယ်။
ဆန်ချိုဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် ရာသီကုန်မှာ မန်ချက်စတာဆီ ပြန်သွားရမှာဖြစ်ပါတယ်။
Photo - Reuters