မန်ယူနိုက်တက်အသင်းဟာ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ လေ့လာဆန်းစစ်ချက်အရ ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးအသင်းအဖြစ် သတ်မှတ်ခံရပါတယ်။
အမေရိကန်အခြေစိုက် သတင်းအချက်အလက်ကုမ္ပဏီ Sportico ရဲ့ လေ့လာဆန်းစစ်ချက်အရ မန်ယူအသင်းရဲ့ တန်ဖိုးက ပေါင် ၄ ဒသမ ၉ ဘီလီယံအထိ ရှိပြီး ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။
တန်ဖိုးအရှိဆုံး ထိပ်ဆုံး ၁၀ သင်းစာရင်းမှာ ပရီးမီးယားလိဂ်က ၆ သင်းအထိ ပါဝင်ပါတယ်။
မန်ယူအသင်းရဲ့နောက်မှာ ရီးရဲလ်မက်ဒရစ်က ပေါင် ၄ ဒသမ ၈၅ ဘီလီယံနဲ့ ရပ်တည်နေပြီး ဘာစီလိုနာက ပေါင် ၄ ဒသမ ၂၃ ဘီလီယံနဲ့ တတိယနေရာမှာရပ်တည်နေပါတယ်။
အဲဒီနောက် လီဗာပူး၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီး၊ ပီအက်စ်ဂျီနဲ့ အာဆင်နယ်တို့က အစဉ်လိုက်ရပ်တည်ပါတယ်။
အာဆင်နယ်ရဲ့နောက်မှာ စပါး၊ ချဲလ်ဆီး၊ ဂျူဗင်တပ်၊ ဒေါ့မွန်၊ တီကို အစရှိတဲ့အသင်းတွေက ရပ်တည်ပါတယ်။
တန်ဖိုးအရှိဆုံးအသင်းလေ့လာချက်မှာ အသင်းတသင်းချင်းစီရဲ့ အမြတ်ငွေ၊ ရုပ်သံထုတ်လွှင့်ခွင့်ခနဲ့ စီးပွားရေးဆိုင်ရာစာချုပ်တွေ အပါအဝင် အသင်းရဲ့ အမှတ်တံဆိပ်တန်ဖိုး၊ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ အကြွေးငွေရှိ၊ မရှိ ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။
Photo - Reuters