Home
မြန်မာသတင်း
ပူတာအိုတွင် ဓာတ်ဆီ ၁ ပုလင်း ကျပ် ၄၀၀၀၀ အထိ ဈေးပေါက်
DVB
·
May 8, 2024
EngineOil 700k_08052024

ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ စက်သုံးဆီ ပြတ်လပ်နေပြီး ဓာတ်ဆီ  တပုလင်းကို ကျပ် ၄၀၀၀၀  အထက်  ရောင်းချနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်သုံးဆီ ပန့်အရောင်းဆိုင်ကြီးတွေ ပိတ်ထားပြီး လမ်းဘေးဆီအရောင်းဆိုင်တွေမှာ ဓာတ်ဆီ ၇၀၀ မီလီပါ တပုလင်းကို ကျပ် ၄၀၀၀၀  နဲ့အထက် ရောင်းချနေကြပါတယ်။

ဒေသခံ အမျိုးသားတဦးက “ဆီပန့်ဆိုင်တွေက ပိတ်ထားတာကြာပြီ။ ဓာတ်ဆီရချင်ရင် လမ်းဘေး ဆီဆိုင်လေးတွေမှာပဲ ထည့်ရတယ်။ ဆီပန့်ဆိုင်ကြီးတွေ ပိတ်သွားတဲ့ အချိန်က တပုလင်း  ၁၃၀၀၀ ကျပ်နဲ့ လမ်းဘေးဆိုင်မှာ ထည့်ရသေးတယ်။ နောက်ပိုင်း လမ်းဘေးဆိုင်တွေကို စည်ပင်နဲ့ ရဲက လိုက်ပိတ်ခိုင်း လိုက်တော့ တပုလင်း ၄၀၀၀၀ ကျော်ဖြစ်သွားတယ်” လို့ ပြောပါတယ်။

မြစ်ကြီးနား-ပူတာအိုလမ်း ဖွင့်လှစ်ထားခဲ့စဉ်က ဓာတ်ဆီ တဂါလံကို ကျပ် ၃၀၀၀၀ ကျော်  ရှိခဲ့ရာမှ လမ်းပိတ်ဆို့ပြီး ဆီပန့်ဆိုင်ကြီးတွေမှာ ဆီပြတ်လပ်မှုဖြစ်ပေါ်ပြီးနောက် ဆီတဂါလန် ကျပ် ၂၅၀၀၀၀ နီးပါးအထိ ရောင်းချနေကြပါတယ်။

မတ် ၉ ရက်က စတင်ကာ မြစ်ကြီးနား-ပူတာအို လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့  တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် လမ်းပိတ်ထားပြီး လေကြောင်းလိုင်းနဲ့သာ မြစ်ကြီးနားနဲ့  ပူတာအိုမြို့ကို သွားလာလို့ ရပါတော့တယ်။

Photo - Cj

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013