SpaceX အာကာသ စူးစမ်းလေ့လာရေး နည်းပညာကော်ပိုရေးရှင်းရဲ့ အမှုဆောင် အရာရှိချုပ် အီလွန်မက်စ်ခ်က အာကာသခရီးသွားတာထက် စာရင် AI ဉာဏ်ရည်တု နည်းပညာဟာ လူ့အဖွဲ့အစည်း တိုးတက်ရေးအတွက် အကြီးအကျယ် အလားအလာ ရှိတာကို မြင်ထားတယ်လို့ ပြောလိုက်ပါတယ်။
ထူးဆန်းတာက AI မသုံးသလောက်ဖြစ်နေတဲ့ နယ်ပယ်တွေထဲက တခုက အာကာသ စူးစမ်းလေ့လာရေးပဲလို့လည်း မက်စ်ခ်က နှစ်စဉ်ကျင်းပနေကျ ၂၇ ကြိမ်မြောက် မီလ်ကန် တက္ကသိုလ် ကမ္ဘာလုံးဆိုင်ရာ ညီလာခံမှာ တက်ရောက်လာသူတွေကို ပြောပါတယ်။
ဒုံးပျံအင်ဂျင် ဒီဇိုင်းအကြောင်း၊ လျှပ်စစ်ဓာတုဗေဒအကြောင်း ၊ လူ့လောကပြင်ပက သက်ရှိတွေအကြောင်းနဲ့ ပတ်သတ်ရင် AI က သွားရမယ့် ခရီးက အများကြီး ကျန်ပါသေးတယ်လို့ မက်စ်ခ်က ပြောပါတယ်။
ဉာဏ်ရည်တုနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ မက်စ်ခ်က AI က အမှန်တရားရှာဖွေအောင်နဲ့ အများဆုံးသိချင်နေအောင် လုပ်ဆောင်ရမယ်လို့ ပြောခဲ့ပါတယ်။
Source/Photo - Reuters