မန်ယူနိုက်တက်အသင်းဟာ FA ဖလားဗိုလ်လုပွဲအပြီးမှသာ နည်းပြအဲရစ်တန်ဟတ်ဂ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ ခရစ္စတယ်ပဲလေ့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့ရလဒ်နဲ့ စွမ်းဆောင်ရည်ဟာ လက်ခံနိုင်စရာမရှိကြောင်း ဝေဖန်ခံခဲ့ရတာပါ။
မန်ယူအသင်းဟာ နည်းပြတန်ဟတ်ဂ်ကို လာမယ့်ရာသီအထိ ဆက်လက်တာဝန် ပေးအပ်လိုခြင်းမရှိတော့ပေမဲ့ FA ဖလားပြိုင်ပွဲမတိုင်ခင်အထိ ထုတ်ပယ်သွားမှာမဟုတ်ကြောင်း အင်္ဂလန်မီဒီယာတွေက ဖော်ပြကြပါတယ်။
မန်ယူအသင်းဂန္ထဝင်ကွင်းလယ်ကစားသမား ပေါလ်စခိုးနဲ့ တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်တို့နှစ်ဦးကတော့ နည်းပြတန်ဟတ်ဂ်ရဲ့ အနာဂတ်ဟာ ခရစ္စတယ်ပဲလေ့ကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးပွဲအပြီးမှာ ပြီးဆုံးသွားပြီလို့ သုံးသပ်ခဲ့ကြပါတယ်။
Photo - Reuters