Home
နိုင်ငံတကာ
ဘရာဇီးရေကြီးမှု ၈၅ ဦးထက်မနည်းသေဆုံးပြီး ၁ သိန်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်
DVB
·
May 7, 2024
Brazilflood_07052024

ဘရာဇီးနိုင်ငံတောင်ဘက်စွန်း ရီယိုဂရန်ဒီဒိုဆူးလ်ပြည်နယ်မှာ မုန်တိုင်းတွေ တိုက်ခတ်ကာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မေ ၆ ရက်အထိ လူ ၈၅ ဦးထက်မနည်း သေဆုံးကာ ၁၁၁ ဦး ပျောက်ဆုံးနေတဲ့အပြင် လူပေါင်း ၁ သိန်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ပြည်နယ် အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ပြောပါတယ်။

မြို့တော် ပေါ်တိုအလက်ဂရေးရဲ့ ၁၂ ကီလိုမီတာအကွာရှိ အက်ဒွာဒိုဒိုဆူးလ်မြူနီစီပယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက်မှာ မြို့ကိုဝန်းရံထားတဲ့ ဂျာကွီးမြစ်နဲ့ ဂွိုက်ဘာ ရေကန်တို့ရဲ့ ရေမျက်နှာပြင်တွေ မြင့်တက်လာကာ မေ ၆ ရက်မှာတော့ မြို့ကို ရေလွှမ်းမိုးသွားတာကြောင့် ကုန်းမြေနဲ့ လမ်းကြောင်းတွေ ပြတ်တောက်သွားပါတယ်။

အက်ဒွာဒို ဒိုဆူးလ် ဒေသခံတချို့ဟာ မြို့အပြင်ဘက် ကားလမ်းမှာ စခန်းချပြီး ကယ်ဆယ်ခံရဖို့ ရက်အနည်းငယ်ကြာ စောင့်ဆိုင်းနေခဲ့ရပါတယ်။

ဂွိုက်ဘာ မြစ်ကမ်းစပ်မှာလည်း ရေဘေးသင့်ဒေသတွေက ကယ်ဆယ်ရေးလှေတွေပေါ်မှာ သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေကို ပြန်ရှာတွေ့ဖို့ မျှော်လင့်ချက်နဲ့ မိသားစုတွေက စောင့်ဆိုင်းရှာဖွေနေကြပါတယ်။

ခရူဇေးရိုး ဒိုးဆူလ် မြူနီစီပယ်မှာ အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေကို အားကစားစင်တာတခုမှာ လက်ခံထားပါတယ်။

မုန်တိုင်းကနေ ဖြစ်ပေါ်လာတဲ့ ရေကြီးမှုကြောင့် မြို့အများအပြားရှိ လမ်းတွေနဲ့ တံတားတွေ ပျက်စီးခဲ့ရပြီး မြေပြိုမှုတွေနဲ့ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံငယ်မှာ တစိတ်တပိုင်း ပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

တနင်္လာနေ့မှာ ရာသီဥတုအခြေအနေ ပြန်လည်ကောင်းမွန်လာပေမဲ့ အခုသီတင်းပတ် နှောင်းပိုင်းမှာ မိုးရွာသွန်းမှု လျော့နည်းဖွယ်ရှိပြီး မေ ၁၀ ရက်မှ ၁၅ ရက်အတွင်း ထပ်မံ ရွာသွန်းနိုင်ကြောင်း မတ်ဆူလ်ဒေသဆိုင်ရာ မိုးလေဝသခန့်မှန်းရေးဌာနက ခန့်မှန်းထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013