ပြင်သစ်မြို့တော် ပါရီက အောင်ပွဲခံမုခ်ဦးရှေ့မှာ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) တက်ကြွလှုပ်ရှားသူတွေဟာ မေ ၆ ရက်မှာ စုရုံး ဆန္ဒပြပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ပြင်သစ်ခရီးစဉ်ကို လူသိရှင်ကြား ရှုတ်ချခဲ့ကြပါတယ်။
အဲဒီနေ့မှာပဲ ရှီဟာ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန် တို့နဲ့ အီလီဇေနန်းတော်မှာ တွေ့ဆုံခဲ့ပါတယ်။
တရုတ်နိုင်ငံထဲမှာ ထောင်ချခံထားရတဲ့ သတင်းထောက် ၁၁၉ ယောက်တို့ရဲ့ နာမည်တွေကို ရေးထားတဲ့ နဖူးစည်းစာတန်းကို ကုန်ကားမှာ တပ်ဆင် ချည်နှောင်ထားတဲ့ ဆန္ဒပြပွဲမှာ RSF အဖွဲ့ဝင် တဒါဇင်လောက် ပူးပေါင်းခဲ့ပါတယ်။
RSF ရဲ့ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံထဲ ဝင်မရအောင် တားဆီးပိတ်ပင်ခံထားရတယ် လို့လည်း သူတို့က ပြောပါတယ်။
ရှီရဲ့ အလည်အပတ်ခရီးမှာ သတင်းလွတ်လပ်ခွင့် ကင်းမဲ့နေတဲ့ အချက်ကို ထည့်သွင်းဆွေးနွေးမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ RSF ရဲ့ ဒုတိယ အကြီးအကဲက ပြောပါတယ်။
တရုတ်ခေါင်းဆောင် ရှီကိုလည်း စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် ခေါင်းပုံဖြတ်နေသူလို့ ခေါ်ဝေါ်ခဲ့ပါတယ်။
Source/Photo-Reuters