Home
နိုင်ငံတကာ
မြောက်ကိုရီးယားခေါင်းဆောင်က ပြည်သူများ သစ္စာစောင့်သိရန် ကျိန်ဆိုခိုင်း
DVB
·
May 6, 2024
North Korea bolsters leader Kim with birthday loyalty oaths

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အခုနှစ် ဇန်နဝါရီ ၈ ရက်မှာ ကျရောက်တဲ့ သူ့အသက် ၄၀ ပြည့်မွေးနေ့မှာ မြောက်ကိုရီးယားပြည်သူတွေ သူ့အပေါ် သစ္စာစောင့်ပါမယ်လို့ ကျိန်ဆိုခိုင်းခဲ့ကြောင်း တောင်ကိုရီးယား သုတေသနအဖွဲ့တခုက ဖော်ထုတ်ခဲ့ပါတယ်။

ကင်မ်ဂျုံအန်းဟာ ၂၀၁၁ ကတည်းက အာဏာရခဲ့တာဖြစ်ပေမဲ့ ဒီလိုမျိုး ကျိန်ခိုင်းတာတော့ ပထမဆုံးဖြစ်တယ်လို့ ဆိုးလ်အခြေစိုက် တောင်-မြောက်ဖွံ့ဖြိုးရေး (SAND) အင်စတီကျုက ကျမ်းကျိန်တဲ့ပုံတွေနဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ နေ့ရက်ကို ရိုက်တာသတင်းဌာနက အတည်ပြုနိုင်ခြင်း မရှိပါဘူး။

အရင်တုန်းက ကင်မ်ဂျုံအန်းရဲ့မွေးနေ့ကို မြောက်ကိုရီးယားက တရားဝင် အတည်ပြုတာမျိုး မရှိခဲ့ဖူးပါဘူး။

အရင်ခေါင်းဆောင်တွေဖြစ်တဲ့ သူ့အဖေနဲ့ အဘိုးမွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေမှာသာ ဒီလိုကျိန်ဆိုမှုမျိုး ပြုလုပ်လေ့ရှိပါတယ်။

အသက် ၄၀ ပြည့်တဲ့အချိန်မှာ သူ့အဆင့်အတန်းကို အဖေ၊ အဘိုးနဲ့တန်းတူ မြှင့်လိုက်တဲ့ သဘောပဲလို့ SAND အင်စတီကျု ဥက္ကဋ္ဌ သုတေသနပညာရှင် ချွိုင်ကျွန်းဟွေက သုံးသပ်ပါတယ်။

သူ့ကို “ဖခင်ကြီး”၊ “ခင်စရာကောင်းတဲ့ဖခင်ကြီး”၊ “မဟာဖခင်ကြီး” ဆိုတဲ့ အသုံးအနှုန်းတွေနဲ့လည်း သုံးနှုန်းလာတယ်လို့ ဆိုပါတယ်။

နောက်နှစ်ကျရင် ကင်မ်ဂျုံအန်း မွေးနေ့ကို တရားဝင်အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်လာနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013