Home
နိုင်ငံတကာ
ပြင်သစ်မုန့်ဖုတ်သမားများက ကမ္ဘာ့အရှည်ဆုံး ပေါင်မုန့်ရှည်ဖုတ်ပြီး ဂင်းနစ်စံချိန်တင်
DVB
·
May 6, 2024
French bakers in record attempt for longest baguette

ပြင်သစ်မုန့်ဖုတ်သမားတွေဟာ မေ ၅ ရက်မှာ ၄၆၁ ပေရှည်တဲ့ ကမ္ဘာ့အရှည်ဆုံး ဘဂတ် ပေါင်မုန့်ရှည်ဖုတ်ပြီး ဂင်းနစ် ကမ္ဘာ့စံချိန် တင်ခဲ့ပါတယ်။

ဘဂတ်ပေါင်မုန့်ရှည်ကို ပြင်သစ်ပေါင်မုန့်ရှည်လို့ ထင်ရှားပြီး နိုင်ငံနဲ့တွဲမြင်တဲ့ စားစရာတခု ဖြစ်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၅ နှစ်က ဒီစံချိန်ကို အီတလီက ယူထားခဲ့တာပါ။

ဒါကြောင့် ပါရီက မုန့်ဖုတ်သမားတွေနဲ့ မုန့်စားဖိုမှူးများအသင်းကနေပြီး ပုံမှန် ပေါင်မုန့်ရှည်ထက် ၂၃၅ ဆရှည်တဲ့ ပေါင်မုန့်ကို ဖုတ်ခဲ့ကြတာဖြစ်ပါတယ်။

အရင်စံချိန်က ၂၀၁၉ တုန်းက အီတလီနိုင်ငံ ကိုမိုမြို့မှာ ဖုတ်ခဲ့တဲ့ ၄၃၅ ဒသမ ၁ ပေရှည်တဲ့ ဘဂတ်ပေါင်မုန့်ရှည် ဖြစ်ပါတယ်။

ပြင်သစ်မုန့်ဖုတ်သမားတွေဟာ မနက် ၃ နာရီကတည်းက ဂျုံမှုန့်နယ် ပုံဖော်ခဲ့ရပြီး အထူးပြုလုပ်ထားတဲ့ ရွှေ့လို့ရတဲ့ မုန့်ဖိုနဲ့ ဖုတ်ခဲ့ရတာဖြစ်ပါတယ်။

“အကုန်လုံး အကျုံးဝင်ပါတယ်။ ဒီစံချိန်ကို ချိုးနိုင်ခဲ့ပြီး ပြင်သစ်နိုင်ငံမှာ လုပ်နိုင်ခဲ့လို့ ကျနော်တို့အားလုံး ဝမ်းသာရပါတယ်” လို့  ဂင်းနစ်စံချိန်မှတ်တမ်း စိစစ်သူက အတည်ပြုအပြီးမှာ မုန့်ဖုတ်သမားတဦးဖြစ်သူ အန်ထော်နီ အာရီဂိုးက ပြောပါတယ်။ စံချိန်ဝင်ဖို့ ပေါင်မုန့်ဟာ စလယ်ဆုံး အနည်းဆုံး ၂ လက်မထု ရှိရမှာဖြစ်ပါတယ်။

စံချိန်တင်အပြီးမှာ ဒီပေါင်မုန့်ကို အပိုင်းပိုင်းဖြတ်ပြီးတော့ အများပြည်သူကို ဝေငှခဲ့တယ်လို့ ဆိုပါတယ်။

Source/Photo-REUTERS/Stephanie Lecocq

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013