ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုကို အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာက ရရှိသွားပါတယ်။ မနေ့ည ကစားခဲ့တဲ့ ဘုန်းမောက်နဲ့ပွဲစဉ်မှာ အာဆင်နယ်က ပေးဂိုးမရှိဘဲ သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ဂိုးသမား ရာယာက ဂိုးမပေးရတဲ့ပွဲ ၁၅ ပွဲပြည့်မြောက်ခဲ့တာပါ။
လက်ကျန် နှစ်ပွဲကစားဖို့ကျန်သေးပေမဲ့ အနီးစပ်ဆုံးပြိုင်ဘက်ဖြစ်သူ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်က ပေးဂိုးမရှိတဲ့ပွဲ ၁၂ ပွဲပဲရှိတာကြောင့် ရွှေလက်အိတ်ဆု ရရှိဖို့ သေချာသွားခဲ့တာပါ။
အသက် ၂၈ နှစ်ရှိ စပိန်လက်ရွေးစင်ဂိုးသမားဟာ အခုနှစ် ရာသီအစကမှ ဘရန့်ဖို့ဒ်အသင်းကနေ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး ရာသီကုန်ဆုံးချိန်မှာ ပေါင် ၂၇ သန်းခန့်နဲ့ အပြီးသတ်ပြောင်းရွှေ့ခွင့်လည်း ပါဝင်ပါတယ်။
ရာယာဟာ အာဆင်နယ်ရဲ့နံပါတ်တစ် ဂိုးသမား အာရွန်ရမ်စ်ဒေးကို ကျော်ဖြတ်ပြီး ပထမ ပွဲထွက်ခွင့်နေရာရရှိခဲ့သူပါ။
သူဟာ ပရီးမီးယားလိဂ် ပွဲပေါင်း ၃၀ မှာပဲ ၁၅ ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
Photo-Reuters