Home
အားကစား
မက်ဆီလက်သစ် ၁၀ နှစ်အရွယ် ဘောလုံးသမားလေးကို အာဂျင်တီးနားနှင့် စပိန် အပြိုင်ခေါ်ယူလို
DVB
·
May 5, 2024
NewMessi_05052024

မက်ဆီလက်သစ်လို့ နာမည်ကြီးနေတဲ့ အသက် ၁၀ နှစ်အရွယ်ကစားသမားကို အာဂျင်တီးနားနဲ့ စပိန် အသင်းတွေက နိုင်ငံကိုယ်စားပြုကစားဖို့အတွက် အပြိုင်ခေါ်ယူလိုနေကြပါတယ်။

ပက်ဒရိုဟွာရက်ဇ် လို့ခေါ်တဲ့ အာဂျင်တီးနားကစားသမားလေးဟာ ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီမှာ အထူးခြေစွမ်းပြသနေတာပါ။ 

သူဟာ အသက် ၁၀ နှစ်အောက်ပြိုင်ပွဲမှာ ကွင်းတဝက်ကနေ ပြိုင်ဘက်ကစားသမားတွေ အားလုံးကို လိမ်ခေါက်ကျော်ဖြတ်ပြီး ဂိုးသွင်းယူနိုင်ခဲ့သူပါ။ 

လူငယ်လိဂ်ပြိုင်ပွဲမှာ ၂၆ ပွဲ ကစားအပြီး ၃၈ ဂိုးသွင်းထားတဲ့ ပက်ဒရိုဟွာရက်ဇ်ဟာ ၂၀၂၀ ပြည့်နှစ်ကမှ မိဘတွေနဲ့အတူ အာဂျင်တီးနားနိုင်ငံကနေ စပိန်နိုင်ငံကို ပြောင်းရွှေ့ အခြေချခဲ့တာပါ။ 

ပက်ဒရီတို လို့လည်းခေါ်ကြတဲ့  သူ့ကို အာဂျင်တီးနားအသင်းက ယူ ၁၅ လက်ရွေးစင်အသင်းမှာ ရွေးချယ်သွားဖို့ စီစဉ်နေပါတယ်။ 

စပိန်ဘောလုံးအဖွဲ့ချုပ်ဘက်ကလည်း ပတ်ဒရိုဟွာရက်ဇ်ကို စပိန်ကိုယ်စားပြု ကစားစေဖို့ စည်းရုံးနေပါတယ်။ 

ပက်ဒရိုဟွာရက်ဇ်ဟာ မက်ဆီ ငယ်စဉ်ဘဝကလိုပဲ အာဂျင်တီးနားကနေ စပိန်ကလပ်ဘာစီလိုနာ အကယ်ဒမီမှာ ပြောင်းရွှေ့ကစားနေသူ ဖြစ်ပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013