ဂျာမနီကုမ္ပဏီ HyImpulse (ဟင်းမ် ပါ့စ်) ဟာလုပ်ငန်းသုံးဂြိုဟ်တုတွေ သယ်ဆောင် လွှတ်တင်နိုင်တဲ့ ဖယောင်းလောင်စာသုံး ဒုံးပျံ တစ်စင်းကို မေလ ၃ ရက်နေ့က ကမ္ဘာပတ်လမ်းကို ဖြတ်သန်းပြီး အာကာသထဲကို စမ်းသပ်လွှတ်တင်နိုင်ခဲ့ပါတယ်။
“အာကာသတွင်းသွားလာနိုင်တဲ့နိုင်ငံတစ်ခုအနေနဲ့ ဂျာမနီရဲ့အစွမ်းအစကို ပြလိုက်တာဖြစ်သလို ဥရောပရဲ့ အာကာသတွင်း ဝင်ရောက်နိုင်စွမ်းကို တိုးချဲ့လိုက်တာလည်းဖြစ်ပါတယ်” လို့ HyImpulse ရဲ့ စီအီးအို မာရီယို ကိုဘဲလ်က ပြောပါတယ်။
SR 75 လို့အမည်တပ်ထားတဲ့ ၁၂ မီတာရှည်ပြီး ၂ ဒသမ ၅ တန် လေးတဲ့ စမ်းသပ်ရော့ကတ်ကို ဩစတြေးလျနိုင်ငံ၊ တောင်ဩစတြေးလျပြည်နယ်၊ ကွန်နစ်ဘာအရပ်ကနေ ဒေသစံတော်ချိန် နံနက် ၅ နာရီဝန်းကျင်မှာ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။
ဒီဒုံးကျည်ဟာ ၂၅၀ ကီလိုဂရမ် (၅၅၁ ပေါင်) အထိ လေးတဲ့ ဒုံးကျည်ငယ်လေးတွေကို အမြင့် ၂၅၀ ကီလိုမီတာ ( ၁၅၅ မိုင်) အထိ လွှင့်တင်ပေးနိုင်ပါတယ်။
ရေနံကထုတ်တဲ့ ဖယောင်း၊ တစ်နည်းပြောရရင် ဖယောင်းတိုင်လုပ်တဲ့ ဖယောင်းနဲ့ အောက်ဆီဂျင် အရည်ကို လောင်စာအဖြစ် သုံးတာဖြစ်ပါတယ်။
ဖယောင်းဟာ ရော့ကတ်အတွက် ပိုစျေးပေါပြီး ပိုဘေးကင်းတဲ့ ရွေးချယ်စရာဖြစ်တဲ့အတွက် ဂြိုဟ်တု လွှတ်တင်ဖို့ ပို့ဆောင်မှုစရိတ်ကို ၅၀ ရာခိုင်နှုန်းတောင်လျှော့ချပေးနိုင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
ဝန်ထမ်း ၆၅ ဦးပဲရှိတဲ့ ဒီကုမ္ပဏီဟာ ဂျာမနီအာကာသအေဂျင်စီ DLR ကနေ သီးခြားခွဲထွက် ထားတာဖြစ်ပြီး လက်ရှိမှာ ဂြိုဟ်တု လွှတ်တင်ဖို့ အမှာစာ ယူရို သန်း ၁၀၀ ဖိုးလောက် အထိ ရရှိထားပြီးဖြစ်တယ်လို့ဆိုပါတယ်။
စီမံကိန်းကို အစိုးရ အကူအညီယူပေမဲ့ ပုဂ္ဂလိက ငွေကြေးပံ့ပိုးမှုနဲ့ပဲလည်ပတ်တာလို့ဆိုပါတယ်။ ဒီနှစ်ကုန်ကျရင် SL-1 လို့ခေါ်တဲ့ ကီလိုဂရမ် ၆၀၀ ထိ လေးတဲ့ ဂြိုဟ်တုတွေ လွှတ်နိုင်တဲ့ အဆင့်ဆင့်ပါဝင်ပြီး ပိုကြီးတဲ့ ရော့ကတ်ကိုပါ လွှတ်တင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
Source/Photo - Reuters